JAPAN TOUR


24 Oct 2015                  ရန်ကုန် - တိုကျို        

                   

ရန်ကုန် အပြည်ပြည် ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် မှ Vietnam  လေကြောင်း ခရီးစဉ် VN 956 ဖြင့် ည 1910/2130 နာရီ တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ သို့ ပျံသန်းရောက် ရှိမည် ဖြစ်ပါသည်။ ထိုမှတဆင့် ဗီယက်နမ်လေကြောင်း ခရီးစဉ် VN 310 ဖြင့် ညဉ့်သန်းခေါင် 1220/0640 နာရီ တွင် ဂျပန်နိုင်ငံ တိုကျို အပြည်ပြည်ဆိုင်ရာ နာရီတာလေဆိပ် သို့  ပျံသန်းရောက် ရှိမည် ဖြစ်ပါသည်။ လေယာဉ်ပေါ် တွင် တစ်ညတာ ကုန်ဆုံးမည် ဖြစ်ပါသည်။

  

25 Oct 2015                တိုကျို  ( - / L / D )

 

တိုကျိုမြို့ နာရီတာလေဆိပ် သို့ ရောက်ရှိလျှင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် မှ လာရောက်ကြိုဆိုပြီး ဦးစွာ Asakusa Kano Temple  (အာဆာကုဆ ဘုရား) သို့ သွားရောက် ဖူးမြှော်မည် ဖြစ်ပါသည်။ တိုကျို တွင် ရှေးအကျဆုံး ဘုရားကျောင်း ဖြစ်သည့် Asakusa Kano Temple  တွင် ဂျပန်လူမျိုးများ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် ဗိသုကာ လက်ရာများ ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ထို့နောက် တိုကျို တွင် အစည်ကားဆုံး ဈေးဝယ်လမ်းမ တစ်ခုဖြစ်သော Nakamise Street သို့သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။ ဂျပန်ရိုးရာ ပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက်ကုန်များကို သွားရောက်လေ့လာဝယ်ယူပြီးနောက် ဂျပန်နိုင်ငံတစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်ရန် Tokyo Sky Tree  သို့ သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။ Tokyo Sky Tree  (မိုးမျှော်သစ်ပင်) အပေါ်မှ ဂျပန်နိုင်ငံ ၏ အဆောက်အဦးများ၊ လှပသော ဂျပန်နိုင်ငံတ၀ှမ်းလုံး ကို ကြည့်မြင်နိုင်မည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာ သုံးဆောင်နိုင်ရန် ဒေသဆိုင်ရာ စားသောက်ဆိုင် သို့ လိုက်ပါ ပို့ဆောင်ပေး မည်ဖြစ်ပါသည်။ နေ့လည်စာ ကို အရသာရှိစွာ သုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ ၏ နာမည်ကြီး တံဆိပ်များရောင်းချရာ Ginza သို့ သွားရောက် လေ့လာမည်ဖြစ်ပါသည်။ ထို့နောက် လူသုံးကုန်နှင့် အ၀တ်အထည်များ လက်လီ လက်ကားရောင်းချရာ Akihabara  ( အိခိဟဘရာ) ဈေးဝယ်လမ်းမတွင် မိမိတို့ စိတ်ကြိုက် လွတ်လပ် ပျော်ရွှင်စွာ ဈေးဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ညစာ သုံးဆောင်နိုင်ရန် စားသောက်ဆိုင် သို့ လိုက်ပါ ပို့ဆောင်ပေး မည်ဖြစ်ပြီး ညစာကိုအရသာရှိစွာ သုံးဆောင် ရမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check – In ၀င်ရောက်ပြီးတစ်နေ့တာ ပင်ပန်းသမျှ ကို အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 

26 Oct 2015                တိုကျို (Tokyo Disney Land) ( B / L / D )

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဂျပန်ဧကရာဇ် နန်းတော်သို့ သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။ ခံ့ညားထည်ဝါသော နန်းတော်နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးမည်ဖြစ်ပါသည်။ ဆက်လက်၍ Tokyo Disney Land  တွင် ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ကောင်းသော ကစားနည်းများ ကို လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲပြီး 4D ရုပ်ရှင်နှင့် ဖျော်ဖြေပွဲများကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။  Tokyo Disney Land  ကစားကွင်း အတွင်း စိတ်လှုပ်ရှားဖွယ်ကောင်းသော Space Mountain များ၊ ခေတ်မှီဆန်းပြားလှပသော အပြင်အဆင်များနှင့် ပြုလုပ်ထားသော ဖျော်ဖြေပွဲများ၊ Anamation  ကိုဦးစားပေးသည့် နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် နာမည်ကျော် ကာတွန်း ဇာတ်ကောင်လေးများ ၏ အသွင်အပြင်နှင့် လှုပ်ရှားမှုများ ကို အံ့သြဖွယ် ကြည့်ရှုရမည်ဖြစ်ပါသည်။ နေ့လည်စာ ကို ကစားကွင်း အတွင်း ကူပွန်စနစ်ဖြင့် သုံးဆောင် ရမည်ဖြစ်ပါသည်။ ကစားကွင်း တွင် လွတ်လပ်ပျော်ရွှင်စွာ ကစားပြီးနောက် သတ်မှတ်ချိန်တွင် စုရပ်မှ ညစာ သုံးဆောင်နိုင်ရန် ဒေသဆိုင်ရာ စားသောက်ဆိုင် သို့ လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

27 Oct 2015                တိုကျို - ကာဝါကူချီ ( B / L / D )

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် တိုကျိုမှ ကာဝါကူချီ သို့ ထွက်ခွာလာပြီး ဂျပန်နိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော Kamakura Buddha Temple ( ကမာကူရ ) ဘုရားသို့ သွားရောက် ဖူးမြှော်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ ၏ ဘဘာဝဘေးဒဏ် ကို အများဆုံးခံခဲ့ရသော ကမာကူရကျေးရွာ မှာ တည်ရှိသော ဂျပန်နိုင်ငံ ၏ ဒုတိယအကြီးဆုံး ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် ကမာကူရ ဘုရားဆင်းတုတော်ကြီး ကို သွားရောက် ဖူးမြှော်ပြီးနောက် Ashi Lake သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Ashi ကန်အတွင်း တွင် သဘောင်္လှည့်လည် စီးနင်းပြီး သဘာဝပတ်ဝန်းကျင် အလှ ကို ကြည့်ရှု့ ခံစားပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ရမည် ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် နာမည်ကြီး တံဆပ်မျိုးစုံ လက်လီ လက်ကားရောင်းချရာ Gotenba Outlet  သို့ လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာ ကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှ ကို ကာဝါကူချီဲမြို့ တွင် အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 

28 Oct 2015                  ကာဝါကူချီ - နာဂိုရာ ( B / L / D )

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကာဝါကူချီမြို့ မှ နာဂိုရာ သို့ ဆက်လက်ထွက်ခွာ မည်ဖြစ်ပါသည်။ လမ်းခ၇ီး တွင် ဦးစွာ Shizuoka မှ တဆင့် နတ်ရေကန်ဟု တင်စားခေါ် ဝေါ်သော ဖူဂျီတောင်ခြေ တွင် ရှိသော Oshino Hakkai သို့ သွားရောက် လေ့လာပြီး ဖူဂျီတောင် ကို နောက်ခံထားပြီး အလှဓါတ်ပုံ များ ရိုက်ကူးကြပါမည်။ နေ့လည်စာ ကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဖူဂျီယာမတောင် ( Mt.Fuji ) သို့သွားရောက်လည်ပတ်ပါမည်။ ဖူဂျီယာမတောင် တက်ရာတွင် စခန်း (၁၀) ခုရှိပြီး ရာသီဥတုပေါ်မူတည်၍ ကားဖြင့် စခန်းအမှတ် (၅) အထိ သွားရောက်ပြီး ဖူဂျီတောင်၏ သဘာဝ ပတ်ဝန်းကျင် အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ညစာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် နာဂိုရာရှိ ဟိုတယ် တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

29 Oct 2015                  နာဂိုရာ - ကျိုတို - အိုဆာကာ ( B / L / D )

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကျိုတိုမြို့ရှိ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော Kinkaku Temple  (ကင်ခခု) ဘုရားသို့ သွားရောက်ဖူးမြှော် မည်ဖြစ်ပါသည်။ ရွှေနန်းတော် အဖြစ် မှ ဇင်ဗုဒ္ဓဘာသာ ဘုရား ကျောင်းအဖြစ် ပြောင်းလဲထားပြီး အပေါ်ကျောင်းဆောင် နှစ်ထပ်အား ရွှေချထားသော Kinkakuji Temple သို့သွားရောက် လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။  နေ့လည်စာ သုံးဆောင်ပြီးနောက် ဂျပန်လှပျိုဖြူများ ၏  ရိုးရာ ကီမိုနို ဝတ်စုံများ ဝတ်ဆင်ပြသသည့် ရှိုးပွဲ  Nishijinori Kaikan သို့ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။  ထို့နောက် Fushiminari Shrine  (ဖုရှိမိနရိရှင်နိ) သို့ သွားရောက် လည်ပတ်မည်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးမည်ဖြစ်ပါသည်။ ထိုမှတဆင့် Osaka (အိုဆာကာ)  သို့ ရထား(Bullet Train)ဖြင့် ဆက်လက်ထွက်ခွာပါမည်။ ညစာကို အိုဆာကာမြို့ရှိ စားသောက်ဆိုင် တွင် သုံးဆောင် ရမည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့ရှိ ဟိုတယ်တွင် Check- In ၀င်ရောက်ပြီး တစ်နေ့တာ ပင်ပန်းသမျှ ကို အေချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 

30 Oct 2015                  အိုဆာကာ ( B / L / D )

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် နာရာမြို့ဟောင်း သို့ သွားရောက်လေ့လာ ပါမည်။ နာရာမြို့ဟောင်း တွင် (၈)ရာစု အစောပိုင်း တွင် တည်ဆောက် ထားသည့် UNESCO ၏ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်ဇုံ တစ်ခု အနေဖြင့် သတ်မှတ်ခြင်းခံရသော Todai-Ji Temple ဘုရားကျောင်း နှင့် ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား သွားရောက်ဖူးမြှော် ပြီးနောက် နာရာပန်းခြံ (သို့မဟုတ်) သမင်ဥယျာဉ် သို့လည်း သွားရောက်လေ့လာ ကြပါမည်။ ထိုနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အိုဆာကာမြို့တော်၏ သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော အိုဆာကာရဲတိုက် သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ဆက်လက် ၍ အိုဆာကာမြို့တွင်း သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အဝတ်အထည် နှင့် လူသုံးကုန်ပစ္စည်း များ ရောင်းချရာ ( Shinsaibashi Shopping Mall ) တွင် ပျော်ရွှင် လွတ်လပ်စွာ ဈေးဝယ်ပြီးလျှင် ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် သို့ လိုက်ပါ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

31 Oct 2015                  အိုဆာကာ - ရန်ကုန် ( B / - / - )

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးပါ က အိုဆာကာ မြို့ရှိ Kansai International Airport လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ထို့နောက် Kansai အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ ဗီယက်နမ်လေကြောင်း ခရီးစဉ် VN 331 ဖြင့်  နံနက် 1000/1350 နာရီ တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပြီး ဆက်လက် ၍ ဗီယက်နမ်လေကြောင်း ခရီးစဉ် VN 957 ညနေ 1650/1810 နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် သို့  ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။

  

      ***  ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။    ***

 

Flight No        From        To          Date            Departure Time Arrival Time    Transit Time   Flying Hours

VN - 956            RGN      HAN       24 Oct             19:10 PM           21:30 PM            02:30                 02:45

VN -  310           HAN      NRT       25 Oct              00:20 AM           07:00 AM               -                      04:20

VN  - 331           KIX       HAN        31 Oct             10:30 AM           14:05 AM            02:10                  06:00

VN  - 957           HAN      RGN       31 Oct            16:40 PM           18:10 PM               -                       02:10      

 

ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ

  • ဗီဇာကြေး
  •  လေယာဉ်လက်မှတ်အသွားအပြန်
  • ဟိုတယ်တွင် တည်းခိုခ ( ၁ ခန်းလျှင် ၂ ယောက်နှုန်း)
  • ခရီးစဉ်တွင် ပါဝင်သောဝင်ကြေးများ
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့်     ညစာများ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
  • ပို့ဆောင်ရေး အစီအစဉ်များ

 

ဂျပန်ဗီဇာလျှောက်ရန် လိုအပ်ချက်များ

  • နိုင်ငံကူ:လက်မှတ်မူရင်း (အနည်းဆုံး သက်တမ်း ၆လရှိရမည်။)
  • လေယာဉ်လက်မှတ် အသွားအပြန်
  • ၂လက်မ ပတ်လည် ကာလာဓါတ်ပုံ (၁) ပုံ
  • ဘဏ်စာရင်းစာအုပ်(အနည်းဆုံးကျပ် ၁၀၀သိန်းနှင့်အထက်တွင်ရှိရန်)
  • နေရပ်လိပ်စာ အပြည်အစုံ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်
  •  အလုပ်အကိုင် အထောက်အထား