EUROPE TOURS OF TRAVEL CHANNEL

ဥရောပ ၆ နိုင်ငံ ခရီးစဉ် (၁၄ ညအိပ်၊ ၁၅ ရက် ခရီးစဉ်)

 

(အီတလီ) - ရောမ - ဗင်းနစ် - မီလန် - လူဇမ် - Titlits ရေခဲ တောင်တန်းများ (ဆွစ်ဇာလန်) - ဟိုက်ဒြာဘတ် (ဂျာမဏီ) - ဘရပ်ဆဲလ်မြို့ (ဘယ်လ်ဂျီယံ) - အမ်စတာဒမ် (နယ်သာလန်) - ပြင်သစ် (ပါရီ) - ဒိုဟာ - ရန်ကုန်

 

၄၂၀၀ ယူအက်စ် ဒေါ်လာ တစ်ဦးချင်းဈေး (၁၀ ဦးအုပ်စု ဈေးနှုန်းပါ)
ခရီးစဉ် ကာလ = ၂၀၁၆ ဧပြီလ ၁၂ မှ ၂၅ ရက်နေ့ထိ


12 April 2016 ။     ။ ရန်ကုန် - ဒိုဟာ - အီတလီ - ရောမမြို့ (ညစာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကာတာ အဲယားဝေး လေကြောင်း ခရီးစဉ် (QR 919 - 07:30/ 11:15) ဖြင့် ဒိုဟာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ဆက်လက်၍ ကာတာ အဲယားဝေး လေကြောင်း ခရီးစဉ် (QR 02:35/ 06:55) ဖြင့် အီတလီနိုင်ငံ FCO လေဆိပ်သို့ ဆက်လက် ပျံသန်းမည် ဖြစ်ပါသည်။ အီတလီ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အိပ်စက်မည် ဖြစ်ပါသည်။

 

13 April 2016 ။     ။ ရောမမြို့ (မနက်စာ၊ နေ့လည်စာ) - ညစာ မပါဝင်ပါ။

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမ္ဘာ့အသေးဆုံး နိုင်ငံဖြစ်သော Vatican City ရှိ St. Peter's Basilica သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် Vatican Museums သို့ ဝင်ရောက်ပြီး ပုပ်ရဟန်းမင်းကြီး နေထိုင်ခဲ့သော Sistine Chapel သို့ သွားရောက် လေ့လာပါမည်။ ဆက်လက်၍ ခရစ်ယန် ဘာသာဝင်တို့၏ အကြီးဆုံး ဘုရားကျောင်း ဖြစ်သော St. Peter ဘုရားကျောင်းသို့ ဝင်ရောက် လေ့လာပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ရောမမြို့ဟောင်း တည်ရှိရာ Roman Forum သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ရှေးရောမမြို့၏ ကြီးကျယ် ခမ်းနားမှုကို လေ့လာ ကြည့်ရှုပါမည်။ ဆက်လက်၍ ကမ္ဘာ့ အထူးဆန်းဆုံး နေရာ (၇) ခုတွင် ပါဝင်ခဲ့သော Colosseum သားသတ်ကွင်းသို့ သွားရောက် ကြည့်ရှု လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ကမ္ဘာ့ အကြီးဆုံး အမိုးခုံးရှိသည့် Pantheon နတ်ဘုရားကျောင်းသို့ သွားရောက် လေ့လာပါမည်။ ဆက်လက်၍ ဆုတောင်းရာတွင် ဆုတောင်းပြည့်သည်ဟု ထင်ရှားသော Trevi Fountain နှင့် Castel San't Angelo သို့ ဓာတ်ပုံရိုက်ရန် အတွက် ပို့ဆောင်ပေးပါမည်။ ညနေခင်းတွင် မိမိစိတ်ကြိုက် ဈေးဝယ် ထွက်နိုင်ရန် အတွက် Spanish Steps သို့ ပို့ဆောင်ပေးပါမည်။ ညစာကို မိမိ အစီအစဉ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။ ဈေးဝယ်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

Vatican Museums သို့ ၀င်ရောက် လည်ပတ်ရန် အချိန် မရခဲ့ပါက ၀င်ကြေးငွေ (Euro 20) ပြန်လည် အမ်းပေးပါမည်။

 

14 April 2016 ။     ။ ရောမ - ပီစာ - ပရာတို (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ရောမမြို့မှ (၃၇၀) ကီလိုမီတာ အကွာတွင် တည်ရှိသော ပီစာမြို့သို့ ကားဖြင့် ထွက်ခွာပါမည်။ ဥရောပ၏ ကားမောင်းချိန် သတ်မှတ်ချက် အရ လမ်းခရီးတွင် ခတ္တ အနားယူပါမည်။ စုစုပေါင်း ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ပီစာသို့ ရောက်ရှိပါက နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက စောင်းနေသော ပီစာမျှော်စင် (ပြင်ပမှ)၊ ခရာဇ်ယန် လူမျိုးများ နှစ်ခြင်းခံရာ Battistero ဘုရားကျောင်းနှင့်၊ မယ်တောမာရီ ဘုရားကျောင်း တို့ကို ပြင်ပမှ သွားရောက် လေ့လာပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ပါမည်။ ဓါတ်ပုံရိုက်၍ လည်ပတ်ပြီးပါက ဈေးဝယ်ရန် အချိန်ပေးမည် ဖြစ်ပါသည်။ ပီစာမြို့သည် အီတလီ နိုင်ငံ၏ သားရေ ပစ္စည်းများ ထုတ်လုပ်ရာ Forence နှင့် နီးကပ်စွာ တည်ရှိသောကြောင့် အီတလီ နိုင်ငံထုတ်၊ သက်နု၊ သက်ရင့် သားရေ ပစ္စည်းများ ၀ယ်ယူရန် ကောင်းပါသည်။ ညနေခင်းတွင်  ပီစာမြို့မှ (74) ကီလိုမီတာ အကွာတွင် တည်ရှိသော ပရာတိုမြို့သို့ ညအိပ် ရပ်နားရန် သွားရောက်မည် ဖြစ်ပါသည်။ လမ်းခရီးတွင် ညစာ သုံးဆောင်ပါမည်။ ပရာတိုမြို့သို့ ရောက်ရှိပါက ဟိုတယ်သို့ Check-in ၀င်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။


15 April 2016 ။     ။ ပရာတို - ဗင်းနစ် - Mestre (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမ္ဘာကျော် Venice ရေပေါ်မြို့သို့  သွားရောက် လည်ပတ်ရန် ပရာတိုမြို့မှ  (၂၄၈) ကီလိုမီတာ အကွာတွင် တည်ရှိသော ဆိပ်ကမ်းသို့ ကားဖြင့် ခရီးဆက်ပါမည်။ ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ဆိပ်ကမ်းသို့ ရောက်ရှိပါက သဘောင်္ဖြင့် ဆက်လက်၍ ဗင်းနစ်မြို့သို့ သွားရောက် လည်ပတ်ပါမည်။ Venice ရေပေါ်မြို့တွင် အလွန် နာမည်ကြီး၍ လှပသော အနုပညာ လက်ရာများ ရှိသည့် San Marco Basilica ဘုရားကျောင်းနှင့် Dodge's Palace သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ပါမည်။ ဆက်လက်၍ ဗင်းနစ်မြို့၏ ရိုးရာ လက်မှုပညာ တစ်ခုဖြစ်သော ဖန်ချက် လုပ်ငန်းသို့ သွားရောက်ပြီး လက်တွေ့ သရုပ်ပြမှုကို လေ့လာပါမည်။ ထို့နောက် လှေငယ်လေးများဖြင့် တူးမြောင်း အတွင်းသို့ လှည့်လည် သွားရောက် လည်ပတ်လိုပါက (မိမိစရိတ်ဖြင့်) လည်ပတ်နိုင်ပါမည်။ ဗင်းနစ်မြို့တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ညနေခင်းတွင် ဗင်းနစ်မြို့မှ ပြန်လည် ထွက်ခွာလာပြီး ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဗင်းနစ် ရေပေါ်မြို့မှ (၁၀) ကီလိုမီတာ အကွာတွင် တည်ရှိသော Mestre မြို့သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး Mestre မြို့ရှိ ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။


16 April 2016 ။     ။ မီလန် (မနက်စာ၊ နေ့လည်စာ) - ညစာ မပါဝင်ပါ။

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက (၂၈၀) ကီလိုမီတာ အကွာတွင် တည်ရှိသော မီလန်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ မီလန်မြို့သို့ ရောက်ရှိပါက နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက မီလန်မြို့တွင်း လှည့်လည် ကြည့်ရှုမည် ဖြစ်ပါသည်။ မီလန်မြို့သည် ဖက်ရှင်မြို့တော် ဖြစ်သည့်အလျှောက် ဈေးဝယ် လမ်းမများနှင့် အထူးပင် စည်ကားလှသည့် အတွက် ဈေးဝယ်ရန် အကောင်းဆုံး မြို့တစ်မြို့လည်း ဖြစ်ပါသည်။ မြို့ကျက်သရေဆောင် မီလန် ဘုရား ရှိခိုးကျောင်းနှင့် ရင်ပြင်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ပါမည်။ ထို့နောက် မီလန် Gallaria Shopping Street သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး ပျော်ရွှင် လွတ်လပ်စွာ ဈေးဝယ်နိုင်ပါသည်။ ညစာကို မိမိ အစီအစဉ်ဖြင့် သုံးဆောင်ရမည် ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးပါက စုရပ်မှ ပြန်လည် ထွက်ခွာလာပြီး ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။


17 April 2016 ။     ။ မီလန် - Engelberg (ရေခဲတောင်) -  လူဇမ်း (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက (၂၄၇) မီတာ အကွာတွင် တည်ရှိသော ဆွစ်ဇာလန်နိုင်ငံ Engelberg မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ Engelberg သို့ ရောက်ရှိပါက တစ်နှစ်ပတ်လုံး ရေခဲ ဖုံးလွှမ်းသော ရေခဲ တောင်တန်းများ တည်ရှိရာ Titlits တောင်ပေါ်သို့ Cable Car ဖြင့် သွားရောက် လည်ပတ်ပါမည်။ (၂၁၂၀) မီတာ အမြင့်တွင် တည်ရှိသော Titlits ရေခဲ တောင်တန်းများ၏ အလှကို အမှတ်တရ ဓါတ်ပုံရိုက်ပြီး ရေခဲ လှိုဏ်ဂူ အတွင်းသို့ ၀င်ရောက် လည်ပတ်နိုင်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးပါက လူဇမ်းမြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ Lucerne မြို့သို့ ရောက်ရှိပါက ပြင်သစ် တော်လှန်ရေး အတွင်း အသက် ဆုံးရှုံခဲ့ရသည့် အစောင့် တပ်သားများအား ကိုယ်စားပြု ထုလုပ်ထားသည့် ခြင်္သေရုပ်တုနှင့် ၁၂ ရာစုတွင် သစ်သားဖြင့် တည်ဆောက် ထားရှိသော Chapel Bridge တွင် လမ်းလျှောက်ရင်း အမှတ်တရ ဓါတ်ပုံ ရိုက်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။


18 April 2016 ။     ။ လူဇမ်း -Frankfurt (ဂျာမဏီ) (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက (၁၆၀) ကီလိုမီတာ အကွာတွင် တည်ရှိသော ဂျာမဏီနိုင်ငံ Black Forest နှင့် အကြီးဆုံး သဘာဝ ရေကန်ဖြစ်သော Lake Titisee သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးပါမည်။ ဂျာမဏီ နိုင်ငံ၏ ကျေးလက်ဒေသ ရှုခင်းတို့ ကြည့်ရှု ခံစားပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက (၃၄၂) ကီလိုမီတာ အကွာတွင် တည်ရှိသော Frankfurt မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ လမ်းခရီးတွင် ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။


19 April 2016 ။     ။ Frankfurt – ကိုလုံး (ဂျာမဏီ) - အမ်စတာဒမ် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဂျာမနီ နိုင်ငံ၏ စတုတ္ထ အကြီးဆုံး မြို့တော်တစ်ခု ဖြစ်သော KOLN (Cologne) မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ Cologne မြို့သို့ ရောက်ရှိပါက ကမ္ဘာ့အကြီးဆုံး ခရစ်ယာန် ဘုရား ရှိခိုး ကျောင်းများတွင် တစ်ခု အပါအ၀င်ဖြစ်သော Cologne Cathedral သို့ ၀င်ရောက် လေ့လာပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးပါမည်။ ဆက်လက်၍ ရိုင်းမြစ်ဝှမ်း နောက်ခံဖြင့် မြို့ဟောင်း အလှကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ နေ့လည်စာကို ကိုလုံးမြို့တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက နယ်သာလန် နိုင်ငံ၏ မြို့တော်တစ်ခု ဖြစ်သာ အမ်စတာဒမ်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ အမ်စတာဒမ်သို့ ရောက်ရှိပါက ဟိုတယ်သို့ Check in ၀င်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။


20 April 2016 ။     ။ အမ်စတာဒမ် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက နယ်သာလန် နိုင်ငံ၏ သင်္ကေတ တစ်ခုဖြစ်သော  ကားလမ်းမရှိ လှေလေးများဖြင့်သာ သွားရောက် လည်ပတ်ရသော Giethoorn ရွာလေးသို့ သွားရောက် လည်ပတ်ပါမည်။ အမ်စတာဒမ် မြို့နှင့် (၁၂၄) ကီလိုမီတာ အကွာတွင် တည်ရှိပြီး၊ ရွာလေးသို့ ရောက်ရှိပါက မှန်ကူကွက်ပုံ တူးမြောင်းလေးများ အတွင်း လှေစီးနင်းရင်း မြို့အလှကို ကြည့်ရှုခံစားမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးပါက Zaanse Schans ခေါ် လေရဟတ် ကြိတ်စက်များ တည်ရှိရာ မြို့ပြင်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးမည် ဖြစ်ပါသည်။ ဆက်လက်၍ နယ်သာလန် နိုင်ငံ၏ လက်မှုပညာ တစ်ခုဖြစ်သော (Wooden shoe shop) သစ်သား ဖိနပ်ဆိုင်နှင့် Cheese  factory များသို့ သွားရောက် လေ့လာပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။ ဆက်လက်၍ ညနေခင်းတွင် Red Light District (သို့) အပန်းဖြေ လမ်းမသို့ သွားရောက် လည်ပတ်ပြီး ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

21 April 2016 ။     ။ အမ်စတာဒမ် - ဘယ်လ်ဂျီယံ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

နံနက်စာ သုံးဆောင်ပြီးပါက အမ်စတာဒမ်မြို့မှ (၂၁၅) ကီလိုမီတာ အကွာတွင် တည်ရှိသော ဘယ်လဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့သို့  ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိပါက နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဘရပ်ဆဲလ်မြို့ ကျက်သရေဆောင် Hotel De Ville မြို့တော်ခန်းမ၊ ထင်ရှား ကျော်ကြားသော ကလေးငယ် သင်္ကေတ ရုပ်တုနှင့် The Royal Palace of Belgium တော်ဝင် နန်းတော်သို့ သွားရောက် လည်ပတ်ပါမည်။ ယခင်က ဘရပ်ဆဲလ် မြို့ဟောင်းအဖြစ် တည်ရှိပြီး ယခုအခါ ပါလီမန် နန်းတော်ဟု လူသိများသော Old Palace of the Nations သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။


22 April 2016 ။     ။ ဘယ်လ်ဂျီယံ - ပဲရစ် (ပြင်သစ်) (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက (၃၂၀) ကီလိုမီတာ အကွာတွင် တည်ရှိသော ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာမည် ဖြစ်ပါသည်။ ပဲရစ်သို့ ရောက်ရှိပါက နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ပဲရစ်မြို့၏ အထင်ကရ ပြရုပ်များ ဖြစ်သော စစ်ဘုရင် နပိုလီယံမှ စစ်အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့သော မုဒ်ဦး Arc De Triumphe သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးပါမည်။ ဆက်လက်၍ မိမိစိတ်ကြိုက် ဈေးဝယ် ထွက်နိုင်ရန် အတွက် Champs E'lysees သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ပဲရစ်မြို့၏ ဗိသုကာ လက်ရာများကို ကားဖြင့် လှည့်လည် ကြည့်ရှုမည် ဖြစ်ပါသည်။ အော်ပရာ ကဇာတ်ရုံ၊ တမူထူးခြားသော ဗိသုကာ လက်ရာဖြင့် တည်ဆောက် ထားသော  Madeleine ဘုရားရှိခိုး ကျောင်းတော်၊ Louvre ပြတိုက်နှင့် အနောက်တိုင်း ရှေးဟောင်း ယဉ်ကျေးမှု၏ အမွေအနှစ် အဆောက်အဦ ဖြစ်သော Notre Dame Cathedral သို့ သွားရောက် လေ့လာပါမည်။ ပြင်ပမှာသာ ဓါတ်ပုံ ရိုက်ကူးပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

23 April 2016 ။     ။ ပဲရစ် (သို့) ပါရီ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Gustave Eiffel တည်ဆောက်ခဲ့သော ကမ္ဘာကျော် Eiffel Tower သို့သွားရောက် လည်ပတ်ပါမည်။ အီဖယ်မျှော်စင် ဒုတိယထပ်သို့ တက်ရောက်ပြီး ပဲရစ်မြို့၏ အလှကို ကြည့်ရှု ခံစားပါမည်။ ဆက်လက်၍ Place du Trocadéro ရင်ပြင်သို့ သွားရောက်ပြီး အီဖယ်မျှော်စင် နောက်ခံနှင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး ရေမွှေးများ ရောင်းချရာ အကောက်ခွန်လွတ် (Duty Free) La Fayette ဈေးဝယ် စင်တာသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး လွတ်လပ်စွာ ဈေးဝယ်နိုင်ပါသည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။


24 April 2016 ။     ။ ပဲရစ် - ဒိုဟာ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

နံနက်စာ သုံးဆောင်ပြီးပါက CDG လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး ကာတာ အဲယားဝေး လေကြောင်း ခရီးစဉ် (QR 042 09:20- 17:45) ဖြင့် ဒိုဟာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ (နံနက်စာသာ ပါဝင်ပါသည်။ လမ်းခရီးတွင် လိုအပ်ပါက မိမိ အစီအစဉ်ဖြင့်သာ သုံးဆောင်ရမည် ဖြစ်ပါသည်)။ ဒိုဟာ လေဆိပ်သို့ ရောက်ရှိပါက ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာမည့် လေယဉ်သို့ ပြောင်းလဲ စီးနင်းမည် ဖြစ်ပါသည်။

 

25 April 2016 ။     ။ ဒိုဟာ - ရန်ကုန် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

ဒိုဟာ လေဆိပ်မှ ဆက်လက်၍ ကာတာ အဲယားဝေး လေကြောင်း ခရီးစဉ် QR 918 (21:15/06:30) ဖြင့် နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။

 

***** ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခု ဖြစ်ပါစေဟု တိုးဒီမြန်မာမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ *****


၁၄ ရက် ဥရောပ ခရီးစဉ်အတွက်  ခရီးစဉ် ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုများ

 

တစ်ဦးဈေးနှုန်း - USD 4200/-     


ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှု စရိတ်များ

  • ဗီဇာ ပြင်ဆင်လျောက်ထား ၀န်ဆောင်မှုနှင့် ဗီဇာကြေး
  • ကျန်းမာရေး အာမခံနှင့် အသက် အာမခံ ၀ယ်ယူ စရိတ်များ၊
  • ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်း လေယာဉ် လက်မှတ်ခ
  • luggage တစ်လုံးစီ အတွက် တန်ဆာခ ပါဝင်သော လေဆိပ်ခွန်များ၊
  • ဖော်ပြပါ (သို့) အလားတူ ကြယ်သုံးပွင့်မှ ကြယ်လေးပွင့် အဆင့် ဟိုတယ် ခန်းများတွင် နံနက်စာ အပါအ၀င် အခန်း တစ်ခန်းတွင် (၂) ဦးနှုန်း တည်းခိုခများ၊
  • ခရီးစဉ် တလျောက် စားသောက်ဆိုင်များတွင် ဖော်ပြပါ နေ့လည်စာ၊ ညစာ စားသောက် စရိတ်များ၊
  • ဒေသခံ အင်္ဂလိပ် စကားပြော ဧည့်လမ်းညွှန် ဝန်ဆောင်မှုဖြင့် လေဆိပ် ကြို / ပို့ နှင့် ဖော်ပြပါ ခရီးစဉ်အတိုင်း သီးသန့် ကားများဖြင့် အလည်အပတ် အစီအစဉ်များ၊
  • သက်ဆိုင်ရာ ၀င်ကြေးခများ၊
  • ခရီးစဉ် စဆုံး အဆင်ပြေမှု ရှိစေရန် မြန်မာ-အင်္ဂလိပ် စကားပြော အဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါ စီစဉ်ပေးမှု၊
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများ အတွက် Tip


ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှု စရိတ်များ

 

  • သက်ဆိုင်ရာ ဗီဇာ လျောက်ထားရန် လိုအပ်သော အထောက်အထားများ အတွက် နိုတြီကြေးနှင့် ၀န်ဆောင်ခများ၊
  • ခရီးစဉ်တွင် မပါဝင်သော အစီအစဉ်များ၊ ညပွဲများ စသဖြင့် လည်ပတ်ခြင်းများ အတွက် အပို ကုန်ကျစရိတ်များ၊
  • ဟိုတယ်များတွင် Mini-bar၊ အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်း အသုံးပြူ ကုန်ကျစရိတ်များ၊
  • အခြား ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊ အဖျော် ယမကာခများ၊ ဟိုတယ်တွင် အ၀တ်လျော်ခများ စသဖြင့်)
  • ပြည်တွင်း / ပြည်ပ လေယာဉ်များတွင် ၀န်ပို တန်ဆာခများ၊
  • ဖော်ပြမထားသော အစားအသောက် စာရိတ်များ၊
  • ခရီးစဉ်တွင် ဖော်ပြမထားသော အခြား ကုန်ကျစရိတ်များ

 

စာရင်း ပေးသွင်းခြင်းနှင့် ကြိုတင် ငွေပေးချေခြင်း

 

စာရင်းပေးသွင်းခြင်း

  1. ခရီးထွက်ခွာရန် အနည်းဆုံး ၄၅ ရက် အလိုတွင် ကြိုတင် စာရင်းပေးသွင်းခြင်း ပြုလုပ်ပေးပါရန်၊
  2. စာရင်း ပေးသွင်းရာတွင် သက်ဆိုင်ရာ လေယာဉ်နှင့် ဟိုတယ် booking များ ပြုလုပ်ရန် မိမိ၏ နိုင်ငံကူး လက်မှတ် (မိတ္တူ) များကို ပေးရန်၊
  3. လေယာဉ် ခရီးစဉ်အတွက် booking ပြုလုပ်ပြီးလျှင် လက်မှတ် ထုတ်ရန် နောက်ဆုံးရက်ကို အကြောင်း ကြားပေးမည်။ ၄င်း လေကြောင်း လိုင်းများ၏ စည်းကမ်း သတ်မှတ်ချက်များ အရ လက်မှတ် ထုတ်ပြီးလျှင် လက်မှတ်များသည် ပြန်အမ်းငွေ မရသည့်အပြင်၊ ရက်စွဲ ပြောင်းလဲ၍လည်း  မရပါ။ လက်မှတ်ထုတ်ရန် နောက်ကျ၍ အသစ် ပြန်တင်ရသော booking အတွက် ထပ်တိုး ကုန်ကျစရိတ် ရှိပါက ခရီးသည်မှ ထပ်ဆောင်း ပေးရမည် ဖြစ်ပါသည်။

 

ကြိုတင် ငွေပေးချေခြင်း

စာရင်းပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးလျှင် ပြီးချင်း၊ အောက်ပါ စည်းကမ်းချက်များ အတိုင်း ကြိုတင် ငွေပေးချေပေးရန် လိုအပ်ပါသည်။


ခရီးစဉ်တွင် လိုက်ပါရန် စာရင်း ပေးသွင်းသည့် အချိန်တွင်

  • (ခရီးစဉ် မစမီ အနည်းဆုံး ရက်ပေါင်း ၆၀ နှင့် အထက်) : ပထမအရစ် ၅၀ %
  • ဗီဇာတင်ရန် ပြင်ဆင်၍ ဗီဇာတင်ပြီးသည့် အချိန်တွင်      : လက်ကျန် ၅၀%   

 

စာရင်း ပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးမှ အကြောင်း တစုံတရာကြောင့် သတ်မှတ် ခရီးစဉ်တွင် လိုက်ပါရန် ပျက်ကွက်/ ဖျက်သိမ်းခြင်း အတွက် ပေးဆောင်ရမည့် ဒဏ်ကြေးများ၊

  • ဗီဇာ မတင်ခင်နှင့် လေယာဉ် လက်မှတ်များ မထုတ်မီ        : ဒေါ်လာ ၁၅၀

 

ပြည်ဝင်ခွင့် အလည်အပတ် ဗီဇာ လျှောက်ထား ရရှိပြီးသူများ အတွက်

  • ခရီးစဉ် မစမီ ရက်ပေါင်း ၆၀ နှင့် အထက်    : ၂၅%
  • ခရီးစဉ် မစမီ ၄၅ ရက်နှင့် အထက်            : ၅၀%
  • ခရီးစဉ် မစမီ ၃၀ ရက်နှင့် အထက်            : ၇၅%
  • ခရီးစဉ် မစမီ ၂၁ ရက်နှင့် အထက်            : ၁၀၀%

 

ပြည်ဝင်ခွင့် အလည်အပတ် ဗီဇာ လျှောက်ထားပြီး မရရှိသူများ အတွက် ဗီဇာကြေး ပြန်လည် ရရှိမည် မဟုတ်ပါ။ ဗီဇာကြေး (USD 80) နှင့် ဘာသာပြန် ၀န်ဆောင်ခများ နှုတ်ယူပြီး ခရီးစဉ် ကုန်ကျစရိတ် သွင်းထားသော ငွေအား ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။