OTHER TOURS OF TRAVEL CHANNEL

ရန်ကုန် - မော်လ်ဒိုက် - ရန်ကုန် ( ၃ ညအိပ် / ၄ ရက်)

 

Day  01 ။     ။ ရန်ကုန် -  ဘန်ကောက် - မော်လ်ဒိုက် ( -/ L/ D)                                        

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ Bangkok Airways  လေကြောင်းခရီးစဉ်  ( / ) ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ ပျံသန်း  ရောက်ရှိမည် ဖြစ်ပါသည်။ ထိုမှတဆင့် Bangkok Airways လေကြောင်း ခရီးစဉ် ( / ) ဖြင့် ထပ်မံ၍ မော်လ်ဒိုက်ကျွန်း မာလိမြို့၏ Ibrahim Nasir International (အီဘရာဟင် နာဆာ အင်တာနေရှင်နယ်) လေဆိပ်သို့ ဆက်လက် ပျံသန်းမည် ဖြစ်ပါသည်။ မာလိမြို့ Ibrahim Nasir International (အီဘရာဟင် နာဆာ အင်တာနေရှင်နယ်) လေဆိပ်သို့ ရောက်လျှင် မိမိ တည်းခိုရမည့် ဟိုတယ်၏ ကောင်တာတွင် Check – In ဝင်ရောက်ပြီး ဟိုတယ်သို့ သွားရောက်ရန် Speed Boat (သို့) Sea Plan ဖြင့် သွားရောက်မည် ဖြစ်ပါသည်။ ဟိုတယ်သို့ ရောက်လျှင် ဦးစွာ Check – In ဝင်ရောက်ပြီး ဟိုတယ်မှ တည့်ခင်း ကျွေးမွေးသော နေ့လည်စာကို သုံးဆောင်ရမည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် မိမိအခန်းတွင် တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

Day 02 ။     ။ မော်လ်ဒိုက် ( B/ L/ D )

maldive

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဖြာထွက်နေသော နံနက်ခင်း နေရောင်ခြည် အောက်တွင် ကျန်းမာရေး အတွက် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ ပြေးခြင်း၊ ပြန့်ပြူး ညီညာသော သောင်ပြင်တလျှောက် လမ်းလျှောက်ခြင်း စသော မိမိနှစ်သက်ရာ အားကစားများကို ပြုလုပ်ခြင်းများဖြင့် အနားယူ အပန်းဖြေနိုင်ပါသည်။ ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေ၊ လေညှင်း လေးများ၏ အရသာကို ခံစားရင်း ပင်လယ်ပြာပေါ်တွင် လှပစွာ တည်ဆောက်ထားသော ဘန်ဂလိုလေးများကို နောက်ခံထားကာ အလှဓာတ်ပုံများ ရိုက်ကူးခြင်း၊ ရေကူးခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ နေ့လည်စာနှင့် ညစာကို ဟိုတယ်တွင် အရသာရှိစွာ သုံးဆောင် နိုင်မည် ဖြစ်ပါသည်။ ထို့နောက် မိမိအခန်းအတွင် တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

Day 03 ။     ။  မော်လ်ဒိုက် ( B/ L/ D )

maldive

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကျွန်းအနှံ့ လည်ပတ်ခြင်း၊ ရေကူးခြင်း၊ အားကစား ပြုလုပ်ခြင်း၊ လှပသော ကမ်းခြေတလျှောက် အလှဓာတ်ပုံ ရိုက်ကူးခြင်းများကို မိမိစိတ်ကြိုက် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ သာယာ လွမ်းမောဖွယ် ကောင်းသော ကမ်းခြေတွင် တန်းစီစွာ တည်ဆောက်ထားသော ဘန်ဂလို လေးများနှင့် ညနေခင်း နေဝင်ဆည်းဆာ အလှကို ကြည့်ရှု ခံစားရင်း ဘဝအတွက် မမေ့နိုင်စရာ အမှတ်တရ နေ့ရက်များကို မိမိ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများ၊ ချစ်သူတို့နှင့် အတူ ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။ နေ့လည်စာနှင့် ညစာကို ဟိုတယ်တွင် အရသာရှိစွာ သုံးဆောင် နိုင်မည် ဖြစ်ပါသည်။ ထို့နောက် မိမိအခန်းအတွင် တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

Day 04 ။     ။  မော်လဒိုက် - ဘန်ကောက် - ရန်ကုန်    ( B/ L/ D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကမ်းခြေ၏ မိုးကုတ် စက်ဝိုင်းမှ ထွက်ပေါ်လာသော နံနက်ခင်း နေရောင်ခြည်၏ အလှအပ၊ ကြည်လင် သန့်ရှင်းသော ရေပြင် သာယာလှပသော ရှုခင်းများကို ကြည့်ရှု ခံစားရင်း မော်လ်ဒိုက် ကမ်းခြေတွင် ပျော်ရွှင် လွတ်လပ်စွာ အနားယူ အပန်းဖြေမည် ဖြစ်ပါသည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ မာလိ လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ Bangkok Airway လေကြောင်း ခရီးစဉ်  (  /  ) ဖြင့် ထိုင်းနိုင်ငံ  သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ထိုမှတဆင့် Bangkok Airway လေကြောင်း ခရီးစဉ် ( / ) ဖြင့်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။

 

 ***** ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု တိုးဒီမြန်မာမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။*****

 

ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုများ    

 

  • ဗီဇာကြေးများ၊
  • လယာဉ်လက်မှတ်အသွားအပြန်
  • ဟိုတယ်တွင် တည်းခိုခ(၁ခန်းလျှင် ၂ဦးနှုန်း)
  • ခရီးစဉ်တွင် ပါဝင်သော ၀င်ကြေးများ
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်/Driver
  • ပို့ဆောင်ရေး အစီအစဉ်များ

 

မော်လ်ဒိုက် ခရီးစဉ်ဖြင့် သွားရောက် လည်ပတ်မည့် ခရီးသည်များ သိထားသင့်သည့်  အချက်အလက်များ

 

မော်လ်ဒိုက် ကမ်းခြေ

 

အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းများအတွက် လေယာဉ် မထွက်ခွာမီ (၂) နာရီအလို လေကြောင်းလိုင်း ကောင်တာသို့ အရောက် သွားရပါမည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ လေယာဉ် ထွက်ခွာချိန်မှာ (  ) နာရီ ဖြစ်သဖြင့်   လေယာဉ် မထွက်ခွာမှီ ( ၂ )  နာရီ ကြိုတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်သို့ အရောက် သွားရပါမည်။

 

လေယာဉ်လက်မှတ်၊ ပတ်စ်ပို့စာအုပ် လုံးဝ (လုံးဝ) မေ့ကျန်ခဲ့ခြင်း မရှိစေရန် အထူး ဂရုပြုရပါမည်။ မိမိ သယ်ဆောင်လာသည့် ခရီးဆောင်အိတ်သည် ၂၀ ကီလိုထက် မကျော်လွန်ရပါ။ လက်ဆွဲအိတ်သည်လည်း ၇ ကီလိုထက် မကျော်လွန်ရပါ။ သတ်မှတ် အလေးချိန်ထက် ကျော်လွန်ပါက မိမိစရိတ်ဖြင့် အလေးချိန် အပိုကြေး ပေးဆောင်ရမည် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးကို သေဒဏ်အဖြစ် သတ်မှတ်ထားသဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။ မည်သူမျှ ပစ္စည်း လက်ဆင့်ကမ်း အပ်နှံခြင်းကို လုံးဝ (လုံးဝ) လက်ခံခြင်း မပြုရန်နှင့် အကယ်၍ လက်ခံပါက အတိအကျ စစ်ဆေးပြီးမှ လက်ခံသင့်ပါသည်။ မိမိလက်ခံသော ပစ္စည်းအတွက် မိမိတာဝန်သာ ဖြစ်ကြောင်း အပြည့်အ၀ နားလည် လက်ခံရမည် ဖြစ်ပါသည်။ အပို ပစ္စည်းများ အတွက် အဖွဲ့နှင့် တပါတည်း အလေးချိန်ခြင်းကို ခွင့်မပြုပါ။

 

တည်းခိုရာ ဟိုတယ်သို့ ရောက်ရှိပါက ဟိုတယ်၏ လိပ်စာကဒ်ပြားကို တောင်းယူ ဆောင်ထားပါ။ ဟိုတယ် အခန်းအတွင်းရှိ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ တစ်သျှူးမှ အပ အခြား ပစ္စည်းများ သုံးဆောင်ပါက ကျသင့်ငွေကို ပေးချေရမည် ဖြစ်ပါသည်။ ရေခဲသေတ္တာ အတွင်းမှ အချိုရည်နှင့် အရက်များကိုလည်း သုံးဆောင်ပါက ကျသင့်ငွေကို ပေးချေရမည် ဖြစ်ပါသည်။ အခန်းမှ တယ်လီဖုန်း အသုံးပြုလိုပါက ကျသင့်ငွေကို အရင်မေးမြန်းပြီး ဈေးနှုန်း ကြိုက်နှစ်သက်မှသာ အသုံးပြုသင့်ပါသည်။

 

ဟိုတယ် အခန်းသော့ ကဒ်ပြားသည် အခန်းမီး အသုံးပြုရန် သော့ထည့်သော နေရာ၌ ထည့်သွင်းရမည် ဖြစ်ပြီး အခန်းမှ ထွက်ခွာပါက မမေ့မလျော့ မကျန်အောင် သတိထားရမည် ဖြစ်ပါသည်။ ဟိုတယ်မှ အပြီး ထွက်ခွာသည့်အခါ ကောင်တာတွင် ကိုယ်တိုင် ပြန်လည် အပ်နှံရမည် ဖြစ်ပြီး ပျောက်ဆုံးပါက တန်ဖိုး ပေးဆောင်ရမည် ဖြစ်ပါသည်။

 

မော်လ်ဒိုက် နိုင်ငံ၏ မြို့တော်မှာ မလိ (Male) ဖြစ်ပြီး လေဆိပ်မှာ Ibrahim Nasir International (အီဘရာဟင် နာဆာ အင်တာနေရှယ်နယ်)  လေဆိပ် ဖြစ်ပါသည်။ သေးငယ်ပြီး လေယာဉ်မှ ဆင်းသက်သည့်အခါ လေဆိပ် ဆိုက်ရောက် ခန်းမသို့ လမ်းလျှောက် သွားရပါသည်။ ပြည်ဝင်ခွင့် ဗီဇာ မလိုအပ်ပဲ လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် သတ်မှတ်ပုံစံ ဖြည့်စွက်ပြီး ကျန်ရှိသည့် ဖြတ်ပိုင်း ပုံစံအား သိမ်းဆည်း ထားရမည် ဖြစ်ပါသည်။ လေဆိပ်မှ ပြန်လည် ထွက်ခွာသည့်အခါ လူဝင်မှု ကြီးကြပ်ရေးမှ ထွက်ခွာပုံစံ ဖြတ်ပိုင်းအား ပြန်လည် သိမ်းဆည်းမည် ဖြစ်ပါသည်။

လေဆိပ်တွင် ငွေလဲလှဲနိုင်သည့် ဘဏ်ကောင်တာများ ထားရှိသော်လည်း ဟိုတယ် အများစုသည့် USD ဖြင့်သာ ဈေးနှုန်း သတ်မှတ် သုံးစွဲသဖြင့် ငွေလဲလှယ်ရန် မလိုအပ်ပါ။ မော်လ်ဒိုက် နိုင်ငံသုံး ငွေကြေးမှာ Maldivian Rufiyaa (MR) ဖြစ်ပြီး လက်ရှိ ငွေလဲလှယ်နှုန်းသည် 1USD = 15 MR ခန့် ဖြစ်ပါသည်။ (ငွေလဲရန် မလိုအပ်ပါ)

 

ဆိုက်ရောက် ခန်းမမှ အပြင်သို့ ရောက်ရှိပြီးလျှင် သက်ဆိုင်ရာ ဟိုတယ်များ၏ ဧည့်ကြို ကောင်တာများသို့ သွားရောက် စာရင်း ပေးသွင်းရမည် ဖြစ်ပါသည်။ ယခု တည်းခိုမည့် Paradise Island Resort ၏ ဧည့်ကြို ကောင်တာ နံပါတ်သည် (၁၆) ဖြစ်ပါသည်။ ဟိုတယ်သို့ ပို့ဆောင်ပေးမည့် Speed boat အား စုပေါင်း စီးနင်းရမည် ဖြစ်သည့်အတွက် လူ (၈) ဦးခန့် ပြည့်သည်အထိ စောင့်စားရနိုင်ပါသည်။ သို့သော် စောင့်ဆိုင်းချိန်အား မိနစ် (၃၀) ထက် မပိုစေရပါ။ မော်လ်ဒိုက် ကမ်းခြေမှ ယခုတည်းခိုမည့် Paradise Island Resort သို့ မိနစ် ၂၀ ခန့် speed boat စီးရပါသည်။ ပင်လယ်ကမ်းခြေ ဖြစ်သည့်အတွက် ကမ်းခြေစီးဖိနပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေလောင်ခံ အသားလှဆီများ၊ ရေကူးဝတ်စုံများ ယူဆောင်လာရမည် ဖြစ်ပါသည်။

 

မော်လ်ဒိုက်၏ ဒေသ စံတော်ချိန်သည် မြန်မာဒေသ စံတော်ချိန်ထက် ၂ နာရီ နောက်ကျပါသည်။ ဥပမာ - မြန်မာနိုင်ငံတွင် နံနက် ၉း ၀၀ နာရီသည် မော်လ်ဒိုက် ကမ်းခြေတွင် နံနက် ၇း ၀၀ နာရီဖြစ်ပါသည်။

 

မိမိ အခန်းအတွင်း Internet အသုံးပြုနိုင်ရန် အတွက် Internet Package များကို Reception Counter တွင် ၀ယ်ယူရမည် ဖြစ်ပါသည်။ Internet အသုံးပြုလိုလျှင် ၄ နာရီအတွက် ($12) Package၊ တစ်ရက် အတွက် ($15) Package၊ ၃ ရက်အတွက် ($18) Package များ အသီးသီး နှုန်းထားအလိုက် ရှိပါသည်။ တစ်ခန်းလျှင် အင်တာနက် အသုံးပြုရန် Device (၂) ခုထိသာ ခွင့်ပြုထားပါသည်။ အင်တာနက် အသုံးပြုပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

အခန်းသို့ ရောက်ရှိပါက wifi ရွေးပြီးလျှင် အခန်းအတွင်း Device ပေါ်ရှိ Password ကို ဦးစွာ ပထမရိုက်ထည့်ပြီး connection ရယူပါ။ ထို့နောက် Browser ဖွင့်ပြီးလျှင် ၀ယ်ယူခဲ့သည့် ဘောက်ချာပေါ်မှာ username နှင့် password ကို ထည့်သွင်း ရိုက်နှိပ်ပြီး အသုံးပြုနိုင်ပါသည်။

 

မိမိ၏ အဖိုးတန် ပစ္စည်းများ၊ တယ်လီဖုန်း၊ နိုင်ငံကူး လက်မှတ်နှင့် ငွေကြေးများအား အခန်းအတွင်းရှိ မီးခံ သေတ္တာထဲတွင် password ထည့်သွင်း၍ သိမ်းဆည်း ထားသင့်ပါသည်။

 

   (၁) Set New Pin Number - သင့်၏ လျှို့ဝှက်နံပါတ် ထည့်သွင်းရိုက်နှိပ်ပါ။

   (၂)  ပုံပါ မျှားအတိုင်း ခလုပ်ကို နှိပ်၍ လျှို့ဝှက်နံပါတ် ကို အတည်ပြုပါ။

   (၃)  သော့ခလောက်ပုံကို နှိပ်၍ မီးခံသေတ္တာကို ပိတ်နိုင်ပါသည်။

   (၄)  သော့တံပုံ ခုလုပ်ကို နှိပ်၍ လျှို့ဝှက်နံပါတ် ထည့်သွင်းလိုက်ပါက ပြန်လည် ဖွင့်ပြီး ဖြစ်ပါသည်။

   (၅) အခန်းမှ Check out ပြုလုပ်သည့်အခါ မီးခံ သေတ္တာကို ဖွင့်ထားခဲ့ရန် သတိပြုပါ။

 

လျှို့ဝှက်နံပါတ်ကို မမေ့စေရန် အထူးသတိပြုပါ။ မေ့လျော့ခဲ့ပါက Reception တွင် အကြောင်းကြားပြီး ပြန်လည်ဖွင့်ယူရန် အကူအညီ ရယူပါ။ ၀န်ဆောင်ခ ပေးရမည် ဖြစ်ပါသည်။ တည်းခိုသည့် ဟိုတယ်ပေါ် မူတည်၍ မီးခံသေတ္တာ ဖွင့်/ပိတ်နည်း ကွာခြားနိုင်သည့် အတွက် မီးခံ သေတ္တာပေါ်တွင် ဖေါ်ပြထားသည့် အညွှန်းအတိုင်း ဖတ်ရှု ဆောင်ရွက် နိုင်ပါသည်။

 

မိမိ အခန်းအတွင်း Mini Bar အတွင်းရှိ ပစ္စည်းများ အသုံးပြုလိုလျှင် ကျသင့်ငွေကို ပေးဆောင်ရမည် ဖြစ်ပါသည်။ နံနက်စာအတွက် သောက်သုံးရန် သစ်သီး ဖျော်ရည်များ ရရှိသော်လည်း နေ့လည်စာနှင့် ညစာ သုံးဆောင်ရာတွင် လိုအပ်သည့် ဖျော်ရည် သောက်စရာများအား အခကြေးငွေ ကောက်ခံပါသည်။

 

နံနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို အောက်ဖေါ်ပြပါ သတ်မှတ်ချိန်အတွင်းသာ သုံးဆောင်နိုင်မည် ဖြစ်ပါသည်။ သတ်မှတ်ချိန်ထက် ကျော်လွန်ပါက အခကြေးငွေ ပေး၍ အခြား စားသောက်ဆိုင်တွင် သုံးဆောင်ရမည် ဖြစ်ပါသည်။

 

နံနက်စာ         - 07:30 ~ 9:30 am
နေ့လည်စာ    - 12:30 ~ 14:00
ညစာ           - 19:30 ~ 21:00

 

မော်လ်ဒိုက် နိုင်ငံသည် အစ္စလမ် ကိုးကွယ်သော နိုင်ငံ ဖြစ်သည့်အလျှောက် မည်သည့် နေရာတွင် မဆို အ၀တ်အစား လုံးဝ မ၀တ်ခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး ရေကူးဝတ်စုံ ၀တ်ဆင်နိုင်ပါသည်။ အခန်းအတွင်းတွင် စားသောက် ချက်ပြုတ်ခြင်း၊ ကျွန်းအနီး ပတ်လည်တွင် ငါးဖမ်းခြင်း၊ သန္တာ ကျောက်တန်းများအား ဖျက်ဆီးခြင်းများ မပြုလုပ်ရန်ကိုလည်း သတိ ပေးအပ်ပါသည်။

 

ကမ်းခြေတွင် ရေကူးသည့်အခါ သက်ဆိုင်ရာ အညွှန်းအား ဖတ်ရှုပြီး ရေမကူးရသော နေရာများအား ရှောင်ကျဉ်ရန် လိုအပ်ပါသည်။ ရေကူးခြင်းအပြင်၊ ရွက်လှေစီးခြင်း၊ ငါးဖမ်းခြင်း၊ ရေအောက် သန္တာကျောက်တန်း အလှကြည့်ရှုခြင်း၊ လေထီးစီးခြင်း၊ ရေပေါ်ပြေး speed boat စီးခြင်းတို့ ပြုလုပ်လိုပါက Water Sport Center တွင် အခန်းနံပါတ်ဖြင့် ကြိုတင် စာရင်း ပေးနိုင်ပါသည်။ ဟိုတယ်မှ Check out ပြုလုပ်သည့်အခါ မိမိ သုံးစွဲထားသော ၀န်ဆောင်မှုများ အတွက် ရှင်းလင်းပေးရမည် ဖြစ်ပါသည်။

 

မော်လ်ဒိုက်တွင် ဗို့အား ၂၂၀ အသုံးပြုသဖြင့် မိမိ အသုံးပြုနိုင်သော လျှပ်စစ်နှင့် ဆက်စပ်သည့် ပစ္စည်းများအား တိုက်ရိုက် အားသွင်း အသုံးပြုနိုင်ပါသည်။ အများအားဖြင့် သုံးပေါက်ပါသော PLUG ခေါင်းများအား အသုံးပြုသဖြင့် MULTI PLUG တစ်စုံ ယူဆောင်သွားသင့်ပါသည်။ နှစ်ပေါက်သုံး PLUG ခေါင်းများလဲ အသုံးပြုနိုင်ပါသည်။ လှပသော ကမ်းခြေ ဖြစ်သည့်အတွက် ကင်မရာများ ယူဆောင်သွားရန်လဲ မမေ့သင့်ပါ။

 

  ********ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခု ဖြစ်ပါစေဟု တိုးဒီမြန်မာမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။********