CHINA TOURS OF TRAVEL CHANNEL

ရန်ကုန် - ရှန်းကျန့် - ကျူဟိုင်း - မကာအို - ဟောင်ကောင် ( ၆ ည / ၇ ရက်)

 

Day 1 / 2 ။     ။ ရန်ကုန် - ကွမ်ကျိုး - ရှန်းကျန့် (နေ့လည်စာ၊ ညစာ)

ရန်ကုန် အပြည်ပြည် ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ ည 01:10 တွင် အပြည်ပြည်ဆိုင်ရာ  Dragon Air လေကြောင်း ခရီးစဉ်အမှတ် (KA 251/ KA782 ) ဖြင့် ကွမ်ကျိုး အပြည်ပြည်ဆိုင်ရာ (Baiyun) လေဆိပ်သို့ ပျံသန်း ရောက်ရှိပါမည်။ ကွမ်ကျိုးလေဆိပ်သို့ ကွမ်ကျိုးစံတော်ချိန် မနက် 08:55 ခန့်တွင် ရောက်ရှိမည် ဖြစ်ပြီး ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက်  ရှန်းကျန့်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ ရှန်းကျန့်သည် တရုတ်နိုင်ငံ၏ တံခါးဖွင့် စီးပွားရေး စနစ်ကို စတင် ကျင့်သုံးရာ မြို့ဖြစ်ပြီး နိုင်ငံ အတွင်းတွင်လည်း တစ်ဦးချင်း ၀င်ငွေ အများဆုံးနှင့် ခေတ်မီမြို့ကြီး တစ်မြို့ ဖြစ်ပါသည်။  ရှန်းကျန့်မြို့သို့ ရောက်ရှိပါက ရှန်းကျန့်ပြတိုက်သို့ သွားရောက် လေ့လာ လည်ပတ်ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် အ၀တ် အထည်များ၊ ဖိနပ်များ၊ နာရီများ၊ ဒေသထွက် အမှတ်တရ ပစ္စည်းများ အစရှိသော ကုန်ပစ္စည်းများနှင့် Brand ပစ္စည်းများ အစရှိသဖြင့် အများဆုံး ရောင်းချရာ Dongmen Shopping Street သို့ သွားရောက်၍ လွတ်လပ်စွာ ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ တိုးမပေါက်အောင် စည်ကားသော ဈေးလမ်းမကြီး တစ်လျှောက်တွင်  ပျော်ရွှင်စွာ ဈေးဝယ် ထွက်ပြီးနောက် ညစာကို စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးနောက် ရှန်းကျန့် ဟိုတယ်တွင် တစ်ညတာ အးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day 3 ။     ။  ရှန်းကျန်း - ကျူဟိုင်း  (ကားဖြင့်) (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင် ပြီးနောက် ရှန်းကျန့်မြို့တွင်းရှိ  ရွှေတိဂုံ ဘုရား၊ အန်းကားဝပ် ကျောင်းတော်ကြီး၊ အီဖယ်မျှော်စင်၊ ဆစ်ဒနီ ကပွဲရုံ စသည့် ကမ္ဘာ့အထင်ကရ အဆောက်အဦး ပုံစံငယ်များကို လေ့လာ တွေ့ရှိနိုင်ပြီး၊ ကစားနည်းများ နှင့် 4D  ရုပ်ရှင် အစရှိသဖြင့် စုံလင်စွာ လည်ပတ် ကြည့်ရှုနိုင်သည့် Window of the world သို့ သွားရောက် လည်ပတ်မည်။ ထို့နောက် ညစာကို တရုတ် စားသောက်ဆိုင်တွင် သုံးဆောင်ပြီး နောက် ကျူဟိုင်းမြို့သို့  ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ ကျူဟိုင်း ဟိုတယ်တွင် check in ဝင်ရောက်ပြီးနောက် တစ်ညတာ တည်းခို အိပ်စက် အနားယူပါမည်။

 

 

Day 4 ။     ။ ကျူဟိုင်း  - မကာအို (ကားဖြင့်) (မနက်၊ နေ့လည်၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ check out ပြုလုပ်ပါမည်။ ထို့နောက် ကျူဟိုင်းမြို့၏ သင်္ကေတဟု တင်စား ခေါ်ဆိုကြသည့် ကျူဟိုင်းမြို့၏ အရှေ့ဘက် ကမ်းရိုးတန်းရှိ လှပသော ဒဏ္ဍာရီ ပုံပြင်ကို ကိုယ်စားပြုသည့် Fisher Girl ရုပ်တုနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ပြီးနောက်  Lovers' Road တွင် အပန်းဖြေ လမ်းလျှောက်ကြပါမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ပြီးပါက မကာအိုသို့ ရောက်ရှိချိန်တွင် ရှေးဦးစွာ ရှေးဟောင်း သမိုင်းဝင် အမှတ်တရ နေရာများ ဖြစ်သော St.Paul ခေါ် ပေါ်တူဂီ ရှေးဟောင်း ဘုရားရှိခိုးကျောင်းသို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် မကာအို၏  ဆွဲဆောင်မှု တစ်ခုဖြစ်သော ကောင်းကင်တု အမိုးခုံးဖြင့် ထူးခြားဆန်းပြား လှပစွာ တန်ဆာဆင်ထားသော Venetian Casino ကစားရုံသို့ သွားရောက် လေ့လာ လည်ပတ်ရင်း မိမိ အစီအစဉ်ဖြင့် ပါဝင် ကံစမ်းနိုင်ပါသည် (သို့) နာမည်ကျော် တံဆိပ်များဖြင့် စည်းကားလှသော ဈေးဝယ် စင်တာများတွင် ဈေးဝယ် ထွက်နိုင်ပါသည်။ ညစာ သုံးဆောင်ပြီးပါက မကာအိုမြို့ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

Day 5 ။     မကာအို - ဟောင်ကောင် (အမြန် သင်္ဘောဖြင့်) (မနက်၊ နေ့လည်စာ၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ check out ပြုလုပ်ပါမည်။ ထို့နောက် မကာအိုမှ ဟောင်ကောင်သို့ အမြန်သဘောင်္ဖြင့် ထွက်ခွာပါမည်။ ဟောင်ကောင်သို့ ရောက်ရှိပါက လူဝင်မှုကြီးကြပ်ရေး ကောင်တာကို ဖြတ်သန်းပြီးပါက နေ့လည်စာကို Jambo Kingdom Floating Restaruant တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဆက်လက်၍ ဟောင်ကောင်ရှိ နာမည်ကျော် ကစားကွင်း တစ်ခုဖြစ်သော Ocean Park သို့ သွားရောက်၍ ကစားကွင်း အတွင်းရှိ ပျောရွှင် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကစားနည်း မျိုးစုံကို ပျော်ရွှင် လွတ်လပ်စွာ   ဆော့ကစားရင်း ရေသတ္တဝါ မျိုးစုံတို့ကို ကြည့်ရှုပြီးနောက်၊ လင်းပိုင်ပွဲကိုလည်း လေ့လာ ကြည့်ရှုနိုင်ကြပါသည်။ ထို့နောက် ဟောင်ကောင်၏ အမြင့်ဆုံးတောင် ဖြစ်သော Peace Mountain ခေါ် Victoria အငူသို့ သွားရောက်၍ ဟောင်ကောင်မြို့ အလှအား ကြည့်ရှုရင်း အမှတ်တရ ဓာတ်ပုံများလည်း ရိုက်ကူးကြပါမည်။  ညစာကို Thai Restaurant တွင် ထိုင်းစတိုင် ညစာကို အရသာရှိစွာ သုံးဆောင်ပြီးနောက် ဟောင်ကောင်ရှိ ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day 6      ဟောင်ကောင် (မနက်၊ နေ့လည်၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်   သေးငယ်သော်လည်း ထင်ရှား ကျော်ကြားလှသော Hong Kong Disneyland သို့ သွားရောက် လည်ပတ်ကြပါမည်။ 4 D ရုပ်ရှင်ကားများ၊ Lion King Show ၊ ကမ္ဘာကျော် ကာတွန်း ဇာတ်ကောင် အမျိုးမျိုးတို့၏ တင်ဆက် ကပြမှုတို့ကို ကြည့်ရှုခံစားရင်း ပျော်ရွှင်ဖွယ် ကစားနည်းမျိုးစုံ တို့ကို ပါဝင်ဆင်နွှဲပြီး Disneyland အတွင်းတွင် အနားယူ အပန်း   ဖြေပါမည်။  နေ့လည်စာကိုလည်း Disneyland အတွင်းတွင် ကူပွန်ဖြင့် သုံးဆောင် ပြီးနောက် ပျော်ရွှင်ဖွယ် ကစားနည်းများဖြင့် ဆက်လက် အနားယူ အပန်းဖြေပါမည်။ ညစာကိုလည်း ကူပွန်ဖြင့် သုံးဆောင်ပြီးနောက် Disneyland ရဲတိုက်ကြီးမှ မီးရှုး၊ မီးပန်းများဖြင့် နှုတ်ဆက်သော ညအလှကို ခံစားပြီးနောက် ဟိုတယ်သို့ ပြန်လည် ၀င်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day 7 ။      ဟောင်ကောင် (မနက်၊ နေ့လည်၊ ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဆက်လက်၍ ဟောင်ကောင်ရှိ အကြီးဆုံးကျွန်း တစ်ခုဖြစ်သော Lantau Island သို့ Ngong Ping 360 Cable Car ကောင်းကင်ကြိုးသိုင်း ရထားဖြင့် Po Lin ဘုရားကြီးအား သွားရောက် ဖေူးမျှော်ပါမည်။ ထို့နောက် နေ့လည်စာကို  Po Lin တောင်ပေါ်တွင် အရသာရှိသော တရုတ် သက်သက်လွတ် စားသောက်ဖွယ်ရာများဖြင့် တည်ခင်း   ကျွေးမွေးပါမည်။  နေ့လည်စာ သုံးဆောင်ပြီးနောက်  ဟောင်ကောင်မြို့သို့  ပြန်လည် ထွက်ခွာလာပြီးနောက် ဆက်လက်၍ နာမည်ကျော် Brand ပစ္စည်းများ စုံလင်စွာ ဝယ်ယူရရှိနိုင်မည့် ဟောင်ကောင်မြို့၏ ထင်ရှားသော  Habour City Shopping Center တွင် ပျော်ရွှင် လွတ်လပ်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟောင်ကာင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ည 9:40  တွင် အပြည်ပြည်ဆိုင်ရာ  Dragon Air လေကြောင်း ခရီးစဉ်အမှတ် (KA 250) ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်သို့ ည 11:30 ခန့်တွင် ပြန်လည် ပျံသန်း ရောက်ရှိပါမည်။

 

***** အမှတ်တရ ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခု ဖြစ်စေရန် စီစဉ် ဆောင်ရွက်ပေးပါမည်။*****

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ                          

  1. မြန်မာနိုင်ငံသားများအတွက်ဗီဇာကြေးများ                                                                  
  2. လေယာဉ်လက်မှတ်အသွားအပြန်                              
  3. ကြယ်သုံးပွင့်/လေးပွင့် ဟိုတယ်တွင် တည်းခိုခ(တစ်ခန်းလျှင် ၂ဦးနှုန်း)     
  4. ခရီးစဉ်တွင် ပါဝင်သော ၀င်ကြေးများ                     
  5. ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ
  6. ဒေသဆိုင်ရာ ဧည့်လမ်းညွှန်                           
  7. ပို့ဆောင်ရေး အစီအစဉ်များ
  8. မြန်မာနိုင်ငံမှ ခရီးစဉ်ခေါင်းဆောင်

 

ဗီဇာတင်ရန်လိုအပ်ချက်များ

  • 6 လကျန်ရှိသော Passport မူရင်း
  • 2 X 2” ပတ်လည် နောက်ခံကာလာဖြူ ကာလာဓာတ်ပုံ ၂ ပုံ
  • ( မိတ္တူမထင်ရှားပါက မူရင်းပေးရပါမည်။)
  • Saving Bank Book (သက်တမ်း ၆ လရှိပြီး ငွေဝင် ငွေထွက်ရှိသော ဘဏ်အကောင့် တွင် သိန်း၂၀ ခန့်ရှိရပါမည်)
  • Bank State ment ( Bank account ထဲတွင်ရှိသော ငွေ နှင့် ပမာဏ ခြင်း တူရမည်။) သို့မဟုတ်ပါက
  • ကားအုံနာဘုတ် နှင့် ပရီမီယံစာအုပ်