VIETNAM TOURS

ဗီယက်နမ် - ဟနွိုင်း - ဟာလောင်း - ကမ္ဘောဒီးယား ( ၅ ညအိပ်၊ ၆ ရက် ခရီးစဉ် )

 

Day 01 ။     ။ ရန်ကုန် - ဟနွိုင်း (မနက်၊ နေ့လည်၊ ည)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ ည (၇:၁၀) နာရီတွင် Nature Dream မှ မြန်မာစကားပြော အဖွဲ့ခေါင်းဆောင် (Tour Leader) နှင့် တွေ့ဆုံ၍ ဗီယက်နမ် လေကြောင်း ခရီးစဉ်ဖြင့် အတူတကွ ထွက်ခွာကြမည် ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နွိုင်ဘေးလေဆိပ် (Noi Bai Airport) သို့ ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆို နှုတ်ဆက်ပါမည်။ ထို့နောက် ဟနွိုင်းမြို့တော်သို့ ည (၁၁း၀၀) နာရီတွင် ရောက်ရှိပြီး ဟိုတယ်တွင် Check – in ဝင်၍ အိပ်စက် အနားယူပါမည်။

 

Day 02 ။     ။ ဟနွိုင်း - ဟာလောင်း ပင်လယ်အော် (မနက်၊ နေ့လည်၊ ည)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဗီယက်နမ် စံတော်ချိန် နံနက် (၈း၀၀) နာရီတွင် ဟိုတယ်မှ Check – out လုပ်၍ ဟလောင်း ပင်လယ်အော်သို့ ခရီး ဆက်ကြပါမည်။ ထို့နောက် နေ့လည် (၁၂:၀၀) နာရီတွင် 4Star အဆင့်ရှိ Cruise တွင် Check – in ဝင်ပြီးနောက် နေ့လည်စာကို သင်္ဘောကြီးပေါ်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ဆက်လက်၍ ထိုဇိမ်ခံ သင်္ဘောကြီးဖြင့် ဟာလောင်း ပင်လယ် ပတ်ဝန်းကျင်ရှိ လှိုက်ဂူများ၊ ဘဘာဝ ကျွန်းများ၏  သဘာဝ အလှတရားများကို ကြည်ရှု့ ခံစားရင်း ရှု့ခင်းများနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် နေဝင်ဆည်းဆာ အလှကို ခံစားရင်း ညစာကို ပင်လယ်စာဖြင့် တည်ခင်း သုံးဆောင်ကြပြီးနောက် ဇိမ်းခံ သင်္ဘောကြီးပေါ်တွင် အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

 

Day 03 ။     ။ ဟာလောင်း - ဟနွိုင်း (မနက်၊ နေ့လည်၊ ည)

အပျော်စီး ဇိမ်ခံ သင်္ဘောကြီးပေါ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဟလောင်း ပင်လယ် အနီး ပတ်ဝန်းကျင်မှ ဘဘာဝ အလျှောက် ဖြစ်ပေါ်နေသော ရှု့မျှော်ခင်းများကို  ကယက်လှေများဖြင့် လှည့်လည် ကြည့်ရှု့ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းသို့ ပြန်လည် ထွက်ခွာလာမည် ဖြစ်ပါသည်။ ထို့နောက် Vincom Plaza Tower တွင် လွတ်လပ် ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ ထို့နောက် ညစာကို Sen Tay Ho Restaurant တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် Check – in ဝင်ရောက်ကာ တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

 

Day 04 ။     ။ ဟနွိုင်း - ရန်ကုန် (မနက်)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဗီယက်နမ် စံတော်ချိန် နံနက် (၈း၃၀) နာရီတွင် စတင်၍ ဗီယက်နမ် နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သော ဟနွိုင်းမြို့သို့ စတင် လည်ပတ်ကြပါမည်။ ဟိုချီမင်းဗိမာန်၊ One Piller Pagoda စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ် ကြည့်ရှု့ကြပြီးနောက် နေ့လည်စာ သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက လွတ်လပ်စွာ သွားလာ လည်ပတ်ရန် အချိန်ပေးပါမည်။ ထို့နောက် စုရပ်တွင် ပြန်လည် ဆုံဆည်း၍ လေဆိပ်သို့ အတူတကွ ထွက်ခွာ၍ ဟနွိုင်းလေဆိပ်မှ (၁၆း၄၀) နာရီတွင် ထွက်ခွာလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည (၁၈း၁၀) နာရီတွင် အေးချမ်းစွာ ရောက်ရှိမည် ဖြစ်ပါသည်။

 

Day 05 ။     ။ စီရမ်ရိပ် - အမ်ကာဝပ် (မနက်၊ နေ့လည်၊ ည)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမ္ဘောဒီယား စံတော်ချိန် နံနက် ၈:၃၀ နာရီတွင် ၄ရာစုနှစ် ကတည်းက အရှေ့တောင် အာရှ နိုင်ငံ၏ ခမ်းနား ကြီးကျယ်သော အစိတ်အပိုင်း တစ်ခုဖြစ်သည့် အမ်ကာသွန် မြို့တော်သို့ သွားရောက် လည်ပတ်ကြပါမည်။ ဆက်လက်၍ အမ်ကာဝပ် ဘုရားကျောင်း အတွင်းရှိ ရှေးဟောင်း ဗိသုကာ လက်ရာများကို လှည့်ပတ် လေ့လာရင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာနှင့် ညစာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင် ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်၍ တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူကြပါမည်။

 

Day 06 ။     ။ စီရမ်ရိပ်- ရန်ကုန် (မနက်)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးပါက လွတ်လပ်စွာ သွားလာလည်ပတ်ရန်အချိန်ပေးပါမည်။ ထို့နောက် စုရပ်တွင် ပြန် လည်ဆုံဆည်း၍ လေဆိပ်သို့ အတူတကွထွက်ခွာ၍ ဟနွိုင်းလေဆိပ်မှ (၁၆း၄၀) နာရီတွင် ထွက်ခွာလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ည(၁၈း၁၀) နာရီတွင် အေးချမ်းစွာ ရောက်ရှိမည်ဖြစ်ပါသည်။ 

 

*****ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ *****

 

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ကြယ်လေးပွင့်ဟိုတယ်တွင်တည်းခိုခများ (နှစ်ယောက်ခန်း)
  • ခရီးစဉ်ပါဝင်သော လည်ပတ်မှုများ (လေအေးစနစ်တပ်ဆင်ထားသောကားများဖြင့်) 
  • ခရီးစဉ်တွင် ဖော်ပြထားသော (နံနက်၊နေ့လည်၊ညစာ)
  • ခရီးစဉ်တွင်ပါဝင်သောဝင်ကြေးများ
  • နေ့စဉ် တစ်ဦးလျှင်ရေသန့်ဘူး ၁ဘူး
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် ၀န်ဆောင်မှုများ 
  • ၀န်ဆောင်မှုနှုန်းထားများ နှင့် အစိုးရအခွန်အခများ

 

ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ

  • ခရီးစဉ်တွင် ဖော်ပြမထားသော အစားအစာဝန်ဆောင်မှု
  • ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ (အဖျော်ယမကာ၊ မီနီဘား၊ အခန်းတွင်း ၀န်ဆော်မှု၊ တယ်လီဖုန်းခေါ်ဆိုခများ ၊  အ၀တ်လျှော်ခနှင့် လက်ဆောင်ပစ္စည်းခများ)
Please Contact Us!