THAI TOURS

ဘန်ကောက် (မြဘုရား) - ပတ္တရား - ဘန်ကောက် ( ၃ ညအိပ် / ၄ ရက်)

 

လူတစ်ဦးလျှင် - USD 340.00 + လေယာဉ်လက်မှတ်

 

Day 1။   ။ ရန်ကုန်-ဘန်ကောက်-ပတ္တရား ( -/ L/ D)

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ NOK Air လေကြောင်း ခရီးစဉ် (DD 08:00 / 09:50) ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ ဘန်ကောက် လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ပတ္တရားသို့ တိုက်ရိုက် ထွက်ခွာမည် ဖြစ်ပါသည်။ လမ်းခရီးတွင် Nong Nooch ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ထိုင်း လှပျိုဖြူလေးများ ကပြ တင်ဆက်သော ရိုးရာ ယဉ်ကျေးမှု အကများနှင့် ဆင်လိမ္မာ အကများကို သွားရောက် ကြည့်ရှုပါမည်။ ထို့နောက် Alcazar Show ခေါ် Lady-boys လေးများ၏ ကပြ ဖျော်ဖြေပွဲကို သွားရောက် ကြည့်ရှုရင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။ ညစာကို ထိုင်းရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်မည် ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check – In ၀င်ရောက်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။ 

 

Day 2 ။   ။ ပတ္တရား - Safari World - ဘန်ကောက် (B/ L/ D)

 

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ပတ္တရားမြို့မှ ထွက်ခွာလာပြီး တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ တောလည် ခရီးဟု အမည် ပေးထားသော Safari World နှင့် Marien Park ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ Safari World အတွင်းတွင် Stunt Show နှင့် လင်းပိုင်လေးများ၏ ကပြ ဖျော်ဖြေမှုကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို Marien Park ဥယျာဉ် အတွင်းတွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ဘေးမဲ့ လွှတ်ထားသော တိရစ္ဆာန် လေးများကို လှည့်လည် ကြည့်ရှုပြီး ဘန်ကောက်မြို့သို့ ဆက်လက် ထွက်ခွာပါမည်။ ဘန်ကောက်မြို့သို့ ရောက်ရှိပါက Local Restaurant တွင် ညစာ သုံးဆောင်ပြီး ဟိုတယ်သို့ Check-In ဝင်ရောက်ပြီးလျှင် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

 

Day 3 ။   ။ ဘန်ကောက် (မြဘုရား) ( B/ L/ D)

 

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော Emerald Buddha ခေါ် မြဘုရားအား သွားရောက် ဖူးမျှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်း ဗိသုကာ လက်ရာများ ပေါင်းစပ်ထားသော ထိုင်း ဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အဝတ်အထည်များနှင့် လူသုံးကုန် ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချရာ MBK Shopping Center သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး လွတ်လပ် ပျော်ရွှင်စွာ ဈေးဝယ်နိုင်ပါသည်။ ဧည့်သည်များ ဈေးဝယ်ပြီးပါက ညစာ သုံးဆောင်နိုင်ရန် Local Restaurant သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day 4 ။   ။ ဘန်ကောက် - ရန်ကုန် (B)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက အဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချရာ ဈေးဝယ်စင်တာသို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် လေဆိပ်သို့ ထွက်ခွာလာပြီး NOK Air လေကြောင်း ခရီးစဉ် (DD 19:30 / 20:15) လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။

 

 

 

***** ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခု ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။ *****

 

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

 

  • လယာဉ်လက်မှတ် အသွားအပြန်
  • ကြယ်သုံးပွင့် ဟိုတယ်တွင် တည်းခိုခ (တစ်ခန်းလျှင် ၂ ဦးနှုန်း)
  • ခရီးစဉ်တွင် ပါဝင်သော ဝင်ကြေးများ
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ
  • ဒသဆိုင်ရာ ဧည့်လမ်းညွှန်
  • ပို့ဆောင်ရေး အစီအစဉ်များ
  • မြန်မာနိုင်ငံမှ ခရီးစဉ်ခေါင်းဆောင်
Please Contact Us!