EUROPE TOURS OF TRAVEL CHANNEL

ဥရောပ ၆ နိုင်ငံခရီးစဉ် (၁၂ညအိပ်၊ ၁၃ရက်ခရီးစဉ်)

 

၃၄၈၀ ယူအက်စ် ဒေါ်လာ တဦးချင်းဈေး (၂၅ ဦးအုပ်စု ဈေးနှုန်းပါ)

ခရီးစဉ်ကာလ    = ၂၀၁၆ ဧပြီလ ၁၁ မှ ၂၅ရက်နေ့ထိ

 

Day 01။ ။ ရန်ကုန် - ဒိုဟာ - အီတလီ - ရောမမြို့

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 919 07:30/11:15) ဖြင့် ဒိုဟာလေဆိပ် သို့ ပျံသန်းရောက်ရှိ မည်ဖြစ်ပါသည်။ ဆက်လက် ၍ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 02:35/06:55) ဖြင့် အီတလီနိုင်ငံ FCO လေဆိပ်သို့ ဆက်လက် ပျံသန်းမည်ဖြစ်ပါသည်။ အီတလီလေဆိပ် တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါ က ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အိပ်စက်မည်ဖြစ်ပါသည်။ (ညစာ)

 

Day 02။         ။ ရောမမြို့ (အီတလီ)

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ရောမမြို့ဟောင်းတည်ရှိရာ Roman Forum သို့သွားရောက်လည်ပတ်မည်ဖြစ်ပြီး ရှေးရောမမြို့၏ ကြီးကျယ်ခမ်းနားမှုကို လေ့လာကြည့်ရှုပါမည်။ ဆက်လက်၍ ကမ္ဘာ့ အထူးဆန်းဆုံးနေရာ (၇)ခုတွင် ပါဝင်ခဲ့သော Colosseum သားသတ်ကွင်းသို့ သွားရောက်ကြည့်ရှု လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ကမ္ဘာ့အကြီးဆုံး အမိုးခုံးရှိသည့် Pantheon နတ်ဘုရားကျောင်း သို့သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ဆုတောင်းရာတွင် ဆုတောင်းပြည့် သည်ဟု ထင်ရှားသော Trevi Fountain နှင့် Castel San't Angelo သို့ ဓာတ်ပုံရိုက်ရန်အတွက် ပို့ဆောင်ပေးပါမည်။ ထို့နောက် ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သော Vatican City ရှိ St. Peter's Basilica သို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် Vatican Museums သို့ဝင်ရောက်ပြီး ပုပ်ရဟန်း မင်းကြီးနေထိုင်ခဲ့သော Sistine Chapel သို့သွားရောက်လေ့လာပါမည်။ ညနေခင်းတွင် မိမိစိတ်ကြိုက်ဈေးဝယ် ထွက်နိုင်ရန်အတွက် Spanish Steps သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။(မနက်စာ၊ နေ့လည်စာ၊ ညစာ)

Vatican Museums သို့ ၀င်ရောက်လည်ပတ်ရန် အချိန်မရခဲ့ပါက ၀င်ကြေးငွေ (Euro 20) ပြန်လည်အမ်းပေးပါမည်။

 

Day 03။         ။ ရောမ - ပီစာ - ဗင်းနစ်  (အီတလီ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ရောမမြို့မှ (၃၇၀) ကီလိုမီတာအကွာတွင် တည်ရှိသော ပီစာမြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ဥရောပ၏ကားမောင်းချိန်သတ်မှတ်ချက်အရ လမ်းခရီးတွင် ခတ္တအနားယူပါမည်။ စုစုပေါင်း ကားမောင်းချိန် (၃) နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ပီစာသို့ေ၇ာက်ရှိပါက စောင်းနေသော ပီစာမျှော်စင် (ပြင်ပမှ)၊ ခရာဇ်ယန် လူမျိုးများ နှစ်ခြင်းခံရာ Battistero ဘုရားကျောင်းနှင့်၊ မယ်တောမာရီ ဘုရားကျောင်း တို့ကို ပြင်ပမှ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ဓါတ်ပုံရိုက်၍ လည်ပတ်ပြီးပါက နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက ပီစာမြို့မှ (330) ကီလိုမီတာ အကွာတွင် တည်ရှိသော ဗင်းနစ်သို့ သွားရောက်လည်ပတ်ရန် ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ဗင်းနစ်မြို့အနီးတွင် ညအိပ်ရပ်နားမည်ဖြစ်ပြီး ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

 

Day 04။         ။ ဗင်းနစ် - မီလန်  (အီတလီ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ကမ္ဘာကျော် Venice ရေပေါ်မြို့သို့  သွားရောက် လည်ပတ်ရန် ဆိပ်ကမ်းသို့ ကားဖြင့်ခရီးဆက်ပါမည်။ ဆိပ်ကမ်းသို့ရောက်ရှိပါက သဘောင်္ဖြင့်ဆက်လက် ၍ ဗင်းနစ်မြို့ သို့ သွားရောက် လည်ပတ်ပါမည်။ Venice ရေပေါ်မြို့တွင် အလွန်နာမည်ကြီး ၍ လှပသော အနုပညာ လက်ရာများရှိသည့် San Marco Basilica ဘုရားကျောင်းနှင့် Dodge's Palace သို့သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ပါမည်။ ဆက်လက်၍ ဗင်းနစ်မြို့ ၏ ရိုးရာလက်မှုပညာ တစ်ခုဖြစ်သော ဖန်ချက်လုပ်ငန်းသို့ သွားရောက်ပြီး လက်တွေ့သရုပ်ပြမှုကို လေ့လာပါမည်။  ထို့နောက် လှေငယ်လေးများဖြင့် တူးမြောင်းအတွင်းသို့ လှည့်လည် သွားရောက်လည်ပတ် လိုပါက (မိမိစရိတ်ဖြင့်) လည်ပတ်နိုင်ပါမည်။ ဗင်းနစ်မြို့တွင် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက (၂၈၀) ကီလိုမီတာ အကွာတွင်တည်ရှိသော မီလန်မြို့သို့ ကားဖြင့်ဆက်လက် ထွက်ခွာပါမည်။ ရောက်ရှိပါက ညစာ သုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီး ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

 

Day 05။         ။ မီလန် (အီတလီ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက မီလန်မြို့သို့ ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ မီလန်မြို့သည် ဖက်ရှင်မြို့တော်ဖြစ်သည့် အလျှောက် ဈေးဝယ်လမ်းမများနှင့် အထူးပင်စည်ကား လှသည့်အတွက် ဈေးဝယ်ရန် အကောင်းဆုံးမြို့တစ်မြို့လည်း ဖြစ်ပါသည်။ မီလန်သို့ရောက်ရှိပါက မြို့ကျက်သရေဆောင် မီလန်ဘုရားရှိခိုးကျောင်းနှင့် ရင်ပြင်သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ပါမည်။ ထို့နောက် မီလန် Gallaria Shopping Street သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်နိုင်ပါသည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာအိပ်စက် အနားယူပါမည်။ (မနက်စာ၊ ညစာ)

 

Day 06။         ။ မီလန် - လူဇမ်း (Switzerland)

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက (၂၄၇) မီတာအကွာတွင် တည်ရှိသော ဆွစ်ဇာလန်နိုင်ငံ Engelberg မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ Engelberg သို့ရောက်ရှိပါက တစ်နှစ်ပတ်လုံး ရေခဲဖုံးလွှမ်းသော ရေခဲတောင်တန်း များတည်ရှိရာ Titlitsတောင်ပေါ်သို့ Cable Car ဖြင့် သွားရောက်လည်ပတ်ပါမည်။ (၂၁၂၀) မီတာအမြင့်တွင် တည်ရှိသော Titlits ရေခဲတောင်တန်းများ၏ အလှကို အမှတ်တရ ဓါတ်ပုံရိုက်ပြီး ရေခဲလှိုဏ်ဂူအတွင်းသို့ ၀င်ရောက် လည်ပတ်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါက လူဇမ်းမြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ Lucerne မြို့သို့ရောက်ရှိပါက ပြင်သစ်တော်လှန်ရေး အတွင်း အသက်ဆုံးရှုံခဲ့ရသည့် အစောင့်တပ်သားများအား ကိုယ်စားပြုထုလုပ်ထားသည့် ခြင်္သေရုပ်တုနှင့် ၁၂ရာစုတွင် သစ်သားဖြင့်တည်ဆောက်ထားရှိသော Chapel Bridge တွင် လမ်းလျှောက်ရင်း အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။(မနက်စာ၊ နေ့လည်စာ၊ ညစာ)

 

Day 07။         ။ လူဇမ်း (Switzerland) - Heidelberg (ဂျာမဏီ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက ဂျာမဏီနိုင်ငံ Heidelberg မြို့သို့ ဆွစ်ဇာလန် မြောက်ပိုင်းမြို့တော်တစ်ခုဖြစ်သော Schaffhausen မှတဆင့် ကားဖြင့် ဆက်လက် ထွက်ခွာပါမည်။ လမ်းခရီးတွင် ရိုင်းမြစ်နှင့် ရိုင်းရေတံခွန် သို့ ၀င်ရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပါမည်။ ထို့နောက် ဂျာမဏီနိုင်ငံ Heidelberg သို့ ဆက်လက် ထွက်ခွာလာပြီး မြို့အရှေ့ဖက်တောင်ပေါ်တွင် တည်ရှိသော သမိုင်းဝင် ၁၆ရာစုလက်ရာ Heidelberg Castle (ရဲတိုက်) သို့သွားရောက် လည်ပတ်ပြီး နက်ကာမြစ်ပေါ်တွင် တည်ဆောက်ထား ရှိသော တံတားဟောင်းသို့လည်း သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (မနက်စာ၊ ညစာ)

 

Day 08။         ။ Heidelberg – ကိုလုံး (ဂျာမဏီ) - အမ်စတာဒမ် (နယ်သာလန်)

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဂျာမနီနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့တော် တစ်ခုဖြစ်သော  KOLN (Cologne) မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ Cologne မြို့သို့ရောက်ရှိပါက ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် တစ်ခုအပါအ၀င်ဖြစ်သော Cologne Cathedral သို့ဝင်ရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ရိုင်းမြစ်ဝှမ်းနောက်ခံဖြင့် မြို့ဟောင်းအလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ နေ့လည်စာကို ကိုလုံးမြို့တွင် သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးပါက နယ်သာလန်နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သာ အမ်စတာဒမ်မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ အမ်စတာဒမ်သို့ ရောက်ရှိပါက ဟိုတယ်သို့ Check in ၀င်ရောက်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။(မနက်စာ၊ နေ့လည်စာ)

 

Day 09။။ အမ်စတာဒမ်  (နယ်သာလန်)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက နယ်သာလန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော Zaanse Schans ခေါ် လေရဟတ်ကြိတ်စက်များ တည်ရှိရာမြို့ပြင်သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးမည်ဖြစ်ပါသည်။ ဆက်လက်၍ နယ်သာလန်နိုင်ငံ၏ လက်မှုပညာတစ်ခုဖြစ်သော (Wooden shoe shop) သစ်သားဖိနပ်ဆိုင်နှင့် Cheese  factory များသို့ သွားရောက်လေ့လာပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ ကားလမ်းမရှိ လှေလေးများဖြင့်သာ သွားရောက်လည်ပတ်ရသော Giethoorn ရွာလေးသို့ သွားရောက်လည်ပတ်ပါမည်။ မှန်ကူကွက်ပုံ တူးမြောင်းလေးများအတွင်း လှေစီးနင်းရင်း မြို့အလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ညနေခင်းတွင် Red Light District (သို့) အပန်းဖြေလမ်းမသို့ သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ပါမည်။ ညစာ သုံးဆောင်ပြီးပါက ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။(မနက်စာ၊ နေ့လည်စာ၊ ညစာ)

 

Day 10။         ။ အမ်စတာဒမ် (နယ်သာလန်) - ဘရပ်ဆဲလ် (ဘယ်လ်ဂျီယံ) - ပြင်သစ်

 

နံနက်စာသုံးဆောင်ပြီးပါက အမ်စတာဒမ်မြို့မှ (၂၁၅) ကီလိုမီတာအကွာတွင် တည်ရှိသော ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့  ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ ကားမောင်းချိန် (၃) နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်။  ဘရပ်ဆဲလ်မြို့ ကျက်သရေဆောင် Hotel De Ville မြို့တော်ခန်းမ၊ ထင်ရှားကျော်ကြားသော ကလေးငယ် သင်္ကေတရုပ်တုနှင့် The Royal Palace of Belgium တော်ဝင်နန်းတော် သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ယခင်က ဘ၇ပ်ဆဲလ်မြို့ဟောင်းအဖြစ် တည်ရှိပြီး ယခုအခါ ပါလီမန်နန်းတော်ဟု လူသိများသော Old Palace of the Nations သို့သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် (၃၀၅) ကီလိုမီတာအကွာတွင် တည်ရှိသော ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ ပါရီမြို့သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (မနက်စာ၊ နေ့လည်စာ၊ ညစာ)

 

Day 11။         ။ ပဲရစ် (သို့) ပါရီ (ပြင်သစ်)

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက Gustave Eiffel တည်ဆောက်ခဲ့သော ကမ္ဘာကျော် Eiffel Tower သို့သွားရောက် လည်ပတ်ပါမည်။ အီဖယ်မျှော်စင် ဒုတိယထပ်သို့ တက်ရောက်ပြီး ပဲရစ်မြို့၏အလှကို ကြည့်ရှုခံစားပါမည်။ ဆက်လက်၍ Place du Trocadéro ရင်ပြင်သို့ သွားရောက်ပြီး အီဖယ်မျှော်စင်နောက်ခံနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးမည်ဖြစ်ပါသည်။ ပဲရစ်မြို့၏ အထင်ကရ ပြရုပ်များဖြစ်သော စစ်ဘုရင်နပိုလီယံမှ စစ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော မုဒ်ဦး Arc De Triumphe သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူပါမည်။ ဆက်လက်၍ အော်ပရာကဇာတ်ရုံ၊ တမူထူးခြားသော ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော  Madeleine ဘုရားရှိခိုးကျောင်းတော်၊ Louvre ပြတိုက်နှင့် အနောက်တိုင်းရှေးဟောင်း ယဉ်ကျေးမှု၏ အမွေအနှစ်အဆောက်အဦ ဖြစ်သော Notre Dame Cathedral သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် မိမိစိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန်အတွက် Champs E'lysees လမ်းမကြီး သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။(မနက်စာ၊ နေ့လည်စာ၊ ညစာ)

Day 12။         ။ ပဲ၇စ် (ပြင်သစ်) - ဒိုဟာ

 

နံနက်စာ သုံးဆောင်ပြီးပါက CDG လေဆိပ် သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ကာတာအဲယားဝေး လေကြောင်းခရီးစဉ် (QR 042 09:20-17:45) ဖြင့် ဒိုဟာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ (နံနက်စာသာပါဝင်ပါသည်။ လမ်းခရီးတွင် လိုအပ်ပါက မိမိအစီအစဉ်ဖြင့်သာ သုံးဆောင်ရမည်ဖြစ်ပါသည်)။ ဒိုဟာလေဆိပ်သို့ရောက်ရှိပါက ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည့် လေယဉ်သို့ ပြောင်းလဲစီးနင်းမည်ဖြစ်ပါသည်။ (မနက်စာ)

 

Day 13။         ။ ဒိုဟာ - ရန်ကုန်

 

ဒိုဟာလေဆိပ်မှ ဆက်လက်၍ ကာတာအဲယားဝေး လေကြောင်းခရီးစဉ် QR 918 (21:15/06:30) ဖြင့် နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ (လေယာဉ်ပေါ်တွင်ကျွေးမွေးသည်မှ လွဲပြီး အခြားအစားအသောက် အပါဝင်ပါ)

 

***** ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ *****

 

၁၃ ရက် ဥရောပခရီးစဉ်အတွက်  ခရီးစဉ်ကုန်ကျစရိတ် နှင့် ၀န်ဆောင်မှုများ

 

တစ်ဦးဈေးနှုန်း 

10 Pax group base : USD 4350 per person

15 Pax group base: USD 3850 per person

20 Pax group base: USD 3650 per person

25 Pax group base: USD 3480 per person

(အခန်းတစ်ခန်းတွင် လူ၂ဦးနှုန်း)

 

လေယာဉ် လက်မှတ် ၁၄၀၀ ဒေါ်လာပေါ်တွင် အခြေခံ တွက်ထားပြီး လေယာဉ် လက်မှတ်ဈေး ပေါ်တွင် မူတည်ရ်ျ ခရီးစဉ် ဈေးပြောင်းလဲ နိုင်ပါသည်။

 

ခရီးစဉ်ကာလ    = ၂၀၁၆ ဧပြီလ ၁၁ မှ ၂၅ရက်နေ့ထိ

 

ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုစရိတ်များ

 

  • ဗီဇာပြင်ဆင်လျောက်ထား ၀န်ဆောင်မှုနှင့် ဗီဇာကြေး
  • ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်း လေယာဉ်လက်မှတ်ခ
  • luggage တစ်လုံးစီအတွက်တန်ဆာခ ပါဝင်သော
  • လေဆိပ်ခွန်များ၊
  • ဖော်ပြပါ (သို့) အလားတူ ကြယ်သုံးပွင့် မှ ကြယ်လေးပွင့် အဆင့်ဟိုတယ်ခန်းများတွင် နံနက်စာအပါအ၀င် အခန်းတစ်ခန်းတွင် (၂)ဦးနှုန်း တည်းခိုခများ၊
  • ခရီးစဉ်တလျောက် စားသောက်ဆိုင်များတွင် ဖော်ပြပါနေ့လည်စာ၊ညစာ စားသောက်စရိတ်များ၊
  • ဒေသခံအင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်ဝန်ဆောင်မှုဖြင့် လေဆိပ်ကြို/ပို့ နှင့်ဖော်ပြပါခရီးစဉ်အတိုင်း သီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ၊
  • သက်ဆိုင်ရာဝင်ကြေးခများ၊
  • ခရီးစဉ်စဆုံး အဆင်ပြေမှုရှိစေရန် မြန်မာ-အင်္ဂလိပ် စကားပြော အဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါ စီစဉ်ပေးမှု၊
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် Tip

 

ခရီးစဉ်တွင် မပါဝင်သောဝန်ဆောင်မှုစရိတ်များ

 

  • သက်ဆိုင်ရာဗီဇာလျောက်ထားရန်လိုအပ်သောအထောက်အထားများအတွက် နိုတြီကြေး နှင့်ဝန်ဆောင်ခများ၊
  • ကျန်းမာရေးအာမခံ နှင့် အသက်အာမခံဝယ်ယူစရိတ်များ၊
  • ခရီးစဉ်တွင်မပါဝင်သော အစီအစဉ်များ၊ ညပွဲများ စသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊
  • ဟိုတယ်များတွင် Mini-bar၊ အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်း အသုံးပြူ ကုန်ကျစရိတ်များ၊
  • အခြားကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊အဖျော်ယမကာခများ၊ ဟိုတယ်တွင် အ၀တ်လျော်ခများ စသဖြင့်)
  • ပြည်တွင်း/ပြည်ပလေယာဉ်များတွင် ၀န်ပို တန်ဆာခများ၊
  • ဖော်ပြမထားသောအစားအသောက်စာရိတ်များ၊
  • ခရီးစဉ်တွင်ဖော်ပြမထားသော အခြားကုန်ကျစရိတ်များ 

 

ဥရောပခရီးစဉ် (၁၃)ရက် ခရီးစဉ် အတွက် ခရီးသည်များ လိုက်နာရန်

 

စာရင်းပေးသွင်းခြင်း နှင့် ကြိုတင်ငွေပေးချေခြင်း

စာရင်းပေးသွင်းခြင်း

၁။ ခရီးထွက်ခွာရန် အနည်းဆုံး ၄၅-ရက် အလိုတွင် ကြိုတင်စာရင်းပေးသွင်းခြင်း ပြုလုပ်ပေးပါရန်၊

၂။ စာရင်းပေးသွင်းရာတွင် သက်ဆိုင်ရာ လေယာဉ်နှင့် ဟိုတယ် booking များပြုလုပ်ရန် မိမိ၏ နိုင်ငံကူးလက်မှတ် (မိတ္တူ) များကို ပေးရန်၊

၃။ လေယာဉ် ခရီးစဉ် အတွက် booking ပြုလုပ်ပြီးလျှင် လက်မှတ် ထုတ်ရန် နောက်ဆုံးရက် ကို အကြောင်း ကြားပေးမည်။ ၄င်းလေကြောင်းလိုင်းများ ၏ စည်းကမ်း သတ်မှတ် ချက်များအရ လက်မှတ်ထုတ် ပြီးလျှင်    လက်မှတ်များသည် ပြန်အမ်းငွေ မရသည့်အပြင်၊ ရက်စွဲ ပြောင်းလဲ ၍လည်းမရပါ။ လက်မှတ်ထုတ်ရန် နောက်ကျ၍ အသစ်ပြန်တင်ရသော booking အတွက် ထပ်တိုးကုန်ကျစရိတ်ရှိပါက ခရီးသည် မှ ထပ်ဆောင်း ပေးရမည်ဖြစ်ပါသည်။

 

ကြိုတင်ငွေပေးချေခြင်း

စာရင်းပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးလျှင်ပြီးချင်း၊ အောက်ပါ စည်းကမ်းချက်များအတိုင်း ကြိုတင် ငွေပေးချေပေးရန် လိုအပ်ပါသည်။

 

ခရီးစဉ်တွင်လိုက်ပါရန် စာရင်းပေးသွင်းသည့်အချိန်တွင်

(ခရီးစဉ်မစမီအနည်းဆုံးရက်ပေါင်း ၆၀ နှင့် အထက်)း ပထမအရစ် ၅၀ %

ဗီဇာတင်ရန် ပြင်ဆင်၍ ဗီဇာတင်ပြီးသည့်အချိန်တွင်း လက်ကျန် ၅၀%                        

 

စာရင်းပေးသွင်း၍ ခရီးစဉ် confirm (အတည်ပြု) ပြီးမှ အကြောင်းတစုံတရာကြောင့် သတ်မှတ်ခရီးစဉ်တွင်လိုက်ပါရန် ပျက်ကွက်/ ဖျက်သိမ်းခြင်းအတွက် ပေးဆောင်ရမည့်ဒဏ်ကြေးများ၊

ဗီဇာမတင်ခင်နှင့် လေယာဉ်လက်မှတ်များ မထုတ်မီ                    : ဒေါ်လာ ၁၅၀

 

ပြည်ဝင်ခွင့်အလည်အပတ်ဗီဇာလျှောက်ထား ရရှိပြီးသူများအတွက်

ခရီးစဉ် မစမီ ရက်ပေါင်း ၆၀ နှင့် အထက်         : ၂၅%

ခရီးစဉ် မစမီ ၄၅ ရက် နှင့် အထက်                : ၅၀%

ခရီးစဉ် မစမီ ၃၀ ရက် နှင့် အထက်                : ၇၅%

ခရီးစဉ် မစမီ ၂၁ ရက် နှင့် အထက်                : ၁၀၀%

 

ပြည်ဝင်ခွင့် အလည်အပတ်ဗီဇာ လျှောက်ထားပြီးမရရှိသူများအတွက် ဗီဇာကြေးပြန်လည်ရရှိမည်မဟုတ်ပါ။ ဗီဇာကြေး (USD 80) နှင့် ဘာသာပြန်ဝန်ဆောင်ခများ နှုတ်ယူပြီး ခရီးစဉ်ကုန်ကျစရိတ် သွင်းထားသောငွေအား ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။