MYANMAR TOURS
Featrue Tours of Myanmar

ကရင်ပြည်နယ် ဘားအံ အံ့ဖွယ်ဂူ ၅ဂူ ဇွဲကပင် မြေခရီးစဉ် ( နေ့ချင်းပြန် )

 

ရိုးသားပြီးဖော်ရွေလှသော ကရင်ပြည်နယ်သို့ သွားရောက် လည်ပတ်ကြ မည်ဖြစ်ပါသည်။ ခရီးစဉ် ပထမဦးဆုံး ၌ ဆုတောင်းပြည့် ဘားအံရွှေရင်မျှော်ဘုရား သို့ ဖူးမျှော်ကြ မည်ဖြစ်ပါသည်။ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းသော ဂူကြီး ၅ ဂူအနက် တခုဖြစ်သော အံ့ဖွယ်တမူ ဆဒ္ဒန်ဂူသို့ သွားရောက်လည်ပတ်ပြီး လှေများလည်း ပျော်ပျော်ပါးပါး စီးကြမည်ဖြစ်ပြီး ဘားအံ ကရင်ပြည်နယ်ရဲ့ အထင်ကရ ရှူခင်းအလှ ကန်သာယာသို့ လှပသော ရှူခင်းလေးများကြည့်ရင်းနှင့် အပန်းလည်းဖြေရင်း ဓာတ်ပုံလေး များလည်း ရိုက်နိုင်ရန် အတွက် သွားရောက် လည်ပတ်မည်ဖြစ်သည်။ ပြီးနောက် ရေလည်ခေါင်ရှိ ကျောက်ကလပ်စေတီ သို့လည်း သွားရောက် လည်ပတ်မည်ဖြစ်သည်။ ပြီးနောက် ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်နှင့် ဗောဓိတစ်ထောင်ဘုရား သို့လည် သွားရောက်ပြီး ဂူကြီး၅ဂူအနက် တခုဖြစ်သော ထူးလျက်တမူ ကော့ကသောင်ဂူ တဆက်တည်း ပတ္တမြားဂူနှင့် ရှေ့ဟောင်း အမွေအနှစ် ကော့ဂွန်းဂူနှင့် ဘုရင့်ညီနောင်ဂူတွင် လူများစိတ်ဝင်စားပြီး မဖြစ်မနေ သွားကြသော ရေပူ၊ ရေအးစမ်း သို့လည်း သွားရောက် လည်ပတ်ကြမည်ြ ဖစ်သည်။

 

ခရီးစဉ်တွင်ယူဆောင်လာရမည့်ပစ္စည်းများ

  • နိုင်ငံသားစီစစ်ရေးကဒ်ပြား (မူရင်း)
  • ပတ်စ်ပို့ ဓါတ်ပုံ (၂)ပုံ
  • အမှတ်တရဓာတ်ပုံရိုက်ကူး ရန် ကင်မရာ

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ဟိုတယ်အခန်းမများ (၂ယောက် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးမည့် ခရီးစဉ်ခေါင်းဆောင်
  • အင်းလေးကန်အတွင်း လည်ပတ်ကြည့်ရှူမည့်စက်လှေခများ
  • ဒေသအစားအစာ များနှင့် ဧည့််ခံမည့် နံနက်စာ ၊နေ့လည်စာ နှင့်ညစာ
  • သမိုင်းကြောင်းမျးကို ရှင်းလင်းပြသပေးမည့် ဌာနေဘာသာပြန်

 

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှုများ

  • တကိုရေအသုံးပြုခ
  • ဟိုတယ်ခန်းအတွင်း မီနီဘား အသုံး ပြုခ
  • စားသောက်ဆိုင်များတွင် အပို မှာ ယူသုံးဆောင်သော ရေသန့် အအေးနှင့် စားသောက်ဖွယ်ရာ များ