MYANMAR TOURS
Featrue Tours of Myanmar

မွန်ပြည်နယ် - မော်လမြိုင် နေ့ချင်းပြန်ခရီးစဉ်

 

ရန်ကုန်မှ ညပိုင်းထွက်ပြီး မွန်ပြည်နယ် သို့ သွားရောက် လည်ပတ်မှာ ဖြစ်ပါသည်။ အရမ်းထူးဆန်း သောကမ်းခြေ နှင့်လည်းနီးပြီးရေလယ် တွင်ကျိုက္ခမီဘုရားဟူ ၍ နာမည်ကြီးသော နေရာတခု ကိုလည်း သွားရောက်ပါမည်။ ပြီးနောက် ကမ္ဘော့အကြီးဆုံး ဘုရားကြီးဖြစ်သော ၀င်းစိန်တာရဘုရား ကြီး နှင့်ဆရာတော်ကြီး ၏ ရုပ်ကလပ်တော်ကို လည်းသွားရောက်ဖူးမျှော် ကြမည်ဖြစ်ပါသည်။ ပြီးနောက် ဆံတော်ရှင် ဦးဇနိစေတီတော် လည်းသွားရောက် မည် ဖြစ်ပါသည်။ မော်လမြိုင် ကျိုသလ္လံဘုရား လည်းဝင်ရောက် ကြမည်ဖြစ်သည်။ ပြီးနောက် တဆက်တည်းဖြစ်သော ရတနာဘုံမြင့်ဘုန်းကြီးကျောင်း (စိန်တုံးဘုရားကျောင်းဟူ ၍လည်း နာမည်ကြီးသော ဘုရားကိုလည်း ၀င်ရောက်ဖူးမျှော် မှာဖြစ်ပါသည်။ ထို့နောက် အပြန် လမ်း မှ  သံဖြူဇရပ်တွင် နာမည်ကြီးသော ဂျပန်ခေတ်သေမင်းတမန် ရထားလမ်း သို့ ဗဟုသုတအနေဖြင့်ဝင်ရောက်ပါမည်။ အနီးနားတွင် ရှိသော အင်္ဂလိပ်ခေတ် မဟာမတ် စစ်သချိင်္ုင်း သို့လည်းသွားရောက် ကြမည်ဖြစ်သည်။ ပြီးနောက်ဒေသထွက် လက်ဆောက်များ ၀ယ်ယူပြီးသစ်သီးတန်း သို့ဝယ်ယူပြီးနောက် ရန်ကုန် သို့ ရှူခင်းလှလှလေးတွေကြည့်ပြီး လတ်ဆတ်သောလေများ ကို ရှူရှိုက်ပြီးပြန်လာမည် ဖြစ်ပါသည် ။

 

ခရီးစဉ်တွင်ယူဆောင်လာရမည့်ပစ္စည်းများ

  • နိုင်ငံသားစီစစ်ရေးကဒ်ပြား (မူရင်း)
  • ပတ်စ်ပို့ ဓါတ်ပုံ (၂)ပုံ
  • အမှတ်တရဓာတ်ပုံရိုက်ကူး ရန် ကင်မရာ

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ဟိုတယ်အခန်းမများ (၂ယောက် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးမည့် ခရီးစဉ် ခေါင်းဆောင်
  • အင်းလေးကန်အတွင်း လည်ပတ်ကြည့်ရှူမည့်စက်လှေခများ
  • ဒေသအစားအစာ များနှင့် ဧည့််ခံမည့် နံနက်စာ ၊နေ့လည်စာ နှင့်ညစာ
  • သမိုင်းကြောင်းမျးကို ရှင်းလင်းပြသပေးမည့် ဌာနေ ဘာသာပြန်

 

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှုများ

  • တကိုရေအသုံးပြုခ
  • ဟိုတယ်ခန်းအတွင်း မီနီဘား s အသုံး ပြုခ
  • စားသောက်ဆိုင်များတွင် အပို မှာ ယူသုံးဆောင်သော ရေသန့် အအေးနှင့် စားသောက်ဖွယ်ရာ များ