OTHER TOURS OF TRAVEL CHANNEL

ရန်ကုန် - ဘန်ကောက် -ဒူဘိုင်း - ဘန်ကောက် - ရန်ကုန် (၅ ညအိပ်/၆ ရက်)

Day 1။          ။ ရန်ကုန်-ဒူဘိုင်း ( ညစာ)

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ ( / ) လေကြောင်းခရီးစဉ် ဖြင့် --------သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ----- လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ဟိုတယ်သို့ ပထမဦးစွာ Check-in ၀င်ရောက်ပြီး  ခေတ္တအနားယူပါမည်။ ထို့နောက် ဒူဘိုင်းချောင်း ၏ အနောက်ဘက်ပိုင်းတွင်ရှိပြီး ရိုးရာကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို လေ့လာဝယ်ယူနိုင်သော Shopping Street (ခေါ်) “Bur Dubai” သို့ Water Taxi စီး၍ သွားရောက်လည်ပတ်ရင်း အမှတ်တရပစ္စည်းများ ၀ယ်သူနိုင်ပါသည်။ ညစာကို ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်မည် ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 

Day 2။          ။ ဒူဘိုင်း (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဒူဘိုင်းမြို့၏အလှကို ကြည့်ရှု့ရန် (၈၂၈) မီတာ (သို့) ၂၇၂၂ ပေအမြင့်ရှိပြီး မှန်အချပ်ရေ(၂၈၂၀၀)ကျော်ဖြင့် တည်ဆောက်ခဲ့၍ အထပ်ပေါင်း (၁၆၃)ထပ်ရှိသော ကမ္ဘာ့အမြင့်ဆုံး ဒူဘိုင်းမိုးမျှော်တိုက် “Burj Khalifa” သို့သွားရောက်ပြီး အထပ်(၁၂၄)ထပ်မှ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ဘောလုံးကွင်းပေါင်း(၅၀)ခန့်အကျယ်အ၀န်းရှိ၍ ကားပါကင်နေရာ (၁၄၀၀၀) ခန့်နှင့် စားသောက်ဆိုင်ပေါင်း (၁၂၀)ခန့်ပါဝင်သော ကမ္ဘာ့အကြီးဆုံးဈေးဝယ်စင်တာများထဲတွင် တစ်ခုပါဝင်ပြီး ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော်ရှိသော ”Dubai Mall” ထဲတွင် နေ့လည်စာ သုံးဆောင်ရင်း ပျော်ရွှင်စွာဈေးဝယ်ကြပါမည်။ ထို့နောက် ငါးမန်းနှင့် တခြားပင်လယ်နေ ငါးမျိုးစိတ်ပေါင်းများစွာကို စုံလင်ခမ်းနားစွာ ပြသထားသော”UNDER WATER ZOO” သို့လည်း သွားရောက်ကြည့်ရှု့ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။  ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ Check-In ၀င်ရောက်ပြီးလျှင် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

 

Day 3။          ။ ဒူဘိုင်း (မနက်၊ နေ့လည်၊ ညစာ)

                     

ဟိုတယ် တွင် နံနက်စာသုံးဆောင်ပြီးပါက နိုင်ငံတကာမှ နာမည်ကြီးကုန်ပစ္စည်း အမှတ်တံဆိပ်( ၅၆၀)ကျော်ကို တစ်နေရာထဲတွင် စုစည်းရောင်းချသော “Mall of the emirate” (ခေါ်) ဈေးဝယ်စင်တာကြီး သို့ ရထားဖြင့် သွားရောက်ပြီး ထိုစင်တာထဲရှိ SKI DUBAI သို့ သွားရောက်၍ ပျော်ရွှင်စွာနှင်းလျှောစီးကြပါမည်။ ထို”Mall of the emirate” ထဲတွင် နေ့လည်စာ သုံးဆောင်ပါမည်။ SKI DUBAI သည် အာရှတိုက်အရှေ့ အလယ်ပိုင်းဒေသ များထဲမှ ပထမဦးဆုံး (ကမ္ဘာမှာ တတိယအကြီးဆုံး indoor နှင်းစီးကစားနေရာ) နှင်းစီးကစားခြင်း ကို မိုးလုံလေလုံထဲ ၌  နှင်းလျှောစီးသူများ အဆင်ပြေစေရန် တည်ဆောက်ခဲ့သည်။ SKI DUBAI သည် Mall of the Emirate ထဲမှာရှိသောကြောင့် Shopping ထွက်ရင်း ကစားနိုင်သည်။ နှင်းလျှောစီးရန် လိုအပ်သည့်ပစ္စည်း များကိုလည်း အလွယ်တကူ ရရှိနိုင်သည်။ ညစာ သုံးဆောင်ပြီးနောက် ဒူဘိုင်း ၏ လှပသော ရိုးရာအကများကို သွားရောက်ကြည့်ရှုပြီး ဟိုတယ် သို့ Check-In ၀င်ရောက်ပြီးလျှင် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

 

Day 4။          ။ အဘူဒါဘီ (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ်တွင် နံနက်စာပြီးနောက် ဒူဘိုင်းမြို့မှ (၁၃၀)ကီလိုမီတာ ခန့်ဝေးသော အဘူဒါဘီမြို့ရှိ ကမ္ဘာ့အမြန်ဆုံး “ Roller Coaster” နှင့် ကမ္ဘာ့အကြီးဆုံး အင်ဒိုးကစားကွင်းဖြစ်သော “Ferrari World Playground” သို့ သွားရောက်ကြည်ရှု့ ဆော့ကစားနိုင်ပြီး ထိုကစားကွင်းထဲရှိ စားသောက်ဆိုင်များစွာတွင် ၀ယ်ယူစားသောက်နိုင်ပြီး၊ လက်ဆောင်ပစ္စည်း များကိုလည်း ၀ယ်ယူနိုင်ပါသည်။ ယင်းကစားကွင်း တွင် ဖရာရီပြိုင်ကားကို အဓိကထားပြင်ဆင်သည့် ကစားနည်းများ ကို ဆော့ကစားပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အဘူဒါဘီမြို့တွင်း သို့ လှည့်လည်ကြည့်ရှု့ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


 

Day 5။           ။ ဒူဘိုင်း - ဘန်ကောက် (နံနက်စာ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ စုံလင်စွာရောင်းချသော ဈေးဝယ်စင်တာသို့ လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ပင်လယ်ကမ်းခြေ အသေးစားလေးသို့ (Jumerih Beach) သို့ လိုက်ပါပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ကမ်းခြေတွင်အလှဓာတ်ပုံ ( Jumerih Hotel နောက်ခံ) များကိုအမှတ်တရရိုက်ကူးမည်ဖြစ်ပါသည်။ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဒိုဟာလေဆိပ်သို့ ထွက်ခွာလာပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ( / ) ဖြင့် ဘန်ကောက်လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

 

Day 6။           ။ ဘန်ကောက် - ရန်ကုန်

                                                                               

ဘန်ကောက်လေဆိပ်----------မှ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်----------ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  မင်္ဂလာဒုံလေဆိပ်သို့---------------လေကြောင်းခရီးစဉ်ဖြင့် ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

 

 

 

 

*****ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။*****

 

 

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ    

          

  • ဗီဇာကြေးများ                                
  • လေယာဉ်လက်မှတ်အသွားအပြန်                
  • ကြယ်သုံးပွင့်ဟိုတယ်တွင် တည်းခိုခ(တစ်ခန်းလျှင် ၂ဦးနှုန်း)     
  • ခရီးစဉ်တွင် ပါဝင်သော ၀င်ကြေးများ           
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်              
  • ပို့ဆောင်ရေး အစီအစဉ်များ
  • မြန်မာနိုင်ငံမှ ခရီးစဉ်ခေါင်းဆောင်