MYANMAR TOURS
Featrue Tours of Myanmar

မန္တလေး၊ ကျောက်စိမ်းဘုရား + ပြင်ဦးလွင် ခရီးစဉ် ( ၂ညအိပ် ၃ရက် )

 

ခရီးစဉ်ပထမရက်။    ။ရန်ကုန်- မန္တလေး ( မနက်၊နေ့လည်၊ညစာ )

ရန်ကုန်မှဇိမ်ခံ ကား ဖြင့် ည၈နာရီတွင် ထွက်ခွာပါမည်။ညလယ်စာကို  ဟိုင်းဝေးလမ်းတွင်ရှိသော 105 မိုင်မှ စားသောက်ဆိုင်တခုခုတွင် စားသောက် မှာဖြစ်ပါသည်။ မနက်ပိုင်းတွင် မန္တလေးသို့ရောက်ရှိပြီး မဟာမြတ်မုနိ ရုပ်ပွားတော်သို့ အရင်ဦးဆုံး ဖူးမျှော်မှာ ဖြစ်ပါသည်။ ပြီးနောက် ကျောက်စိမ်းဘုရား နှင့် ဦးပိန်တံတားကို လည်း သွားရောက်လည်ပတ် ပြီး နေ့လည်စာ ကို စား သုံး ပြီးနောက် ခရီး ဆက် မှာ ဖြစ်ပါသည်။ ပြီးနောက် ထူးဆန်းအံ့ဖွယ် ရွှေကျောင်း သို့လည်း သွားရောက် ပြီး ကမ္ဘာအကြီးဆုံးစာအုပ်ဟု အမည်တွင် သော ကုသိုလ်တော် ဘုရား  နှင့် မန္တလေး တောင်တော်မြတ် နှင့် မြွေကြီးနှစ်ကောင် ကုသိုလ်တော် ဘုရား သို့ လည်း သွားရောက် ဖူးမျှော်မှာ ဖြစ်ပါသည်။ ညနေ ပိုင်းတွင် Hotel တွင် ပြန် ရောက် အနား ယူမှာ ဖြစ်ပါ သည်။

 

ခရီးစဉ်ဒုတိယရက် ။      ။ မန္တလေး- ပြင်ဦးလွင် ( မနက်၊နေ့လည်၊ညစာ )

မနက်ပိုင်း Hotel တွင် နံနက်စာ စားပြီးနောက် ပြင်ဦးလွင် သို့ ခရီးဆက်မှာ ဖြစ်ပါသည်။ပြင်ဦးလွင် ရောက်တာနှင့်တပြိုင်နက် ပြင်ဦးလွင်တွင် ရှိသော နာမည်ကြီးပြီး စိတ်ဝင်စားဖွယ်ကောင်းသော နေရာများ ဖြစ်သော အမျိုးသား ကန်တော်ကြီး မှာ စိတ်ကြိုက်ဓာတ်ပုံများလည်း ရိုက်နိုင် ပြီး ကွမ်ရင်ဘုံကျောင်း နှင့် အလွန် ဈေး သက်သာ သော သိုးမွေးအနွေးထည်များ ကို လည်း သွားရောက်ဝယ်ယူနိုင်ရန် ဈေး သို့ ဈေး ၀ယ်ထွက် မည် ဖြစ်ပါသည်။ ပြီးနောက် ပြည်ချစ် ဘုရားကြီးဟုခေါ်သည့် ဆုတောင်းပြည့်ဘုးရားကြီးမဟာအံ့ထူးကံသာ ဘုရား လည်း သွားရောက် ဖူးမျှော် ပြီး နေ့လည် ပိုင်းတွင် နေ့လည် စာ ၀င်ရောက် စားသုံး မှာ ဖြစ်ပါသည်။ ပြီးနောက် အပန်းဖြေနိုင် သော လူအများ စိတ်ဝင်စားသော နေရာ တခုဖြစ်သော အမြင်တင့်ဆန်း ပွဲကောက် BE ရေတံခွန် သို့ သွားရောက် ပြီး နောက်ဆုံးတွင် သာယာအေးမြသောရေ နှင့် ပိတ်ချင်းမြှောင် နန္ဒာမူ လှိုဏ်ဂူတော်သို့ သွားရောက်ပြီး ညပိုင်းတွင် သာယာ အေးချမ်း သော ရာသီဥတု လေးနှင့် Hotel တွင်အိပ်စက်အနားယူမှာ ဖြစ်ပါသည်။

 

ခရီးစဉ်တတိယရက် ။   ။      ပြင်ဦးလွင် - ရန်ကုန် ( မနက်၊နေ့လည်၊ညစာ )

မနက်ပိုင်း Hotel တွင်နံနက်စာစားပြီးနောက် ရန်ကုန်သို့ ပြန်လာမည် ဖြစ်ပါသည်။

~~ခရီးစဉ်ပြီးဆုံး ~~

 

ခရီးစဉ်တွင်ယူဆောင်လာရမည့်ပစ္စည်းများ

  • နိုင်ငံသားစီစစ်ရေးကဒ်ပြား (မူရင်း)
  • ပတ်စ်ပို့ ဓါတ်ပုံ (၂)ပုံ
  • အမှတ်တရဓာတ်ပုံရိုက်ကူး ရန် ကင်မရာ

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ဟိုတယ်အခန်းခများ (၂ယောက် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးမည့် ခရီးစဉ်ခေါင်းဆောင်
  • အင်းလေးကန်အတွင်း လည်ပတ်ကြည့်ရှူမည့်စက်လှေခများ
  • ဒေသအစားအစာ များနှင့် ဧည့််ခံမည့် နံနက်စာ ၊နေ့လည်စာ နှင့်ညစာ
  • သမိုင်းကြောင်းမျးကို ရှင်းလင်းပြသပေးမည့် ဌာနေဘာသာပြန်

 

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှုများ

  • တကိုရေအသုံး ပြုခ
  • ဟိုတယ်ခန်းအတွင်း မီနီဘား အသုံး ပြုခ
  • စားသောက်ဆိုင်များတွင် အပို မှာ ယူသုံးဆောင်သော ရေသန့် အအေးနှင့် စားသောက်ဖွယ်ရာ များ