MYANMAR TOURS
Featrue Tours of Myanmar

ဖောင်တော်ဦးဘုရားပွဲ ၊တောင်ကြီးအင်းလေး၊ပင်းတယ နှင့် ကလော ခရီးစဉ်(၃ညအိပ်၎ရက်)

 

ခရီးစဉ်ပထမရက်။  ။ရန်ကုန်-အင်းလေး ( မနက်၊နေ့လည်၊ညစာ )

ရန်ကုန်မှ ညနေပိုင်းတွင် စတင်ထွက်ခွာပြီး မြန်မာနိုင်ငံ ၏ ထူးဆန်းသော တောင်ကြီးများ ကြားတွင် လှပသော ရေအိုင်ကြီး ဖြစ်ပေါ်နေသော အင်းလေးကန်သို့ သွာရောက်ပါမည်။  နေ့လည်စာကို ဆန်းသစ်ခြင်းဖြင့် ရှမ်းအစားအစာ သုံးဆောင်ပါမည်။ ပြီးနောက် တဆက်တည်း အရမ်း တန်ခိုးကြီးပြီး ဖူးမျှော်၍သပ္ပာယ်ဖို့ အလွန်ကောင်းသော ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမျှော်ပြီးလျှင် ပျော်ပျော်ပါးပါး စက်လှေလေးဖြင့် ရွှေကျောင်း ငဖယ်ချောင်ကျောင်းဟု လူသိများသော အင်းလေးကန်အတွင်း ရှိသော ဘုန်းတော်ကြီးကျောင်း တခုကို ဖူးမျှော်ကြပါမည်။ ပြီးနောက် ကြယ်ပွင့် ၃ အဆင့်ရှိသော နေရာသို့ သွားရောက် အနားယူမှာ ဖြစ်ပါသည်။

 

ခရီးစဉ်ဒုတိယရက်။      ။အင်းလေး-တောင်ကြီး ( မနက်၊နေ့လည်၊ညစာ )

မနက်ပိုင်း ဟိုတယ်တွင် နံနက်စာ စားပြီးနောက် အင်းလေကန်ထဲ တွင် ရှိသော ကျွန်းမျော စိုက်ခင်းများကိုလည်း သွားရောက် လေ့လာမှာ ဖြစ်ပါသည်။ ပြီးနောက် ကြာသင်္ကန်း ရက်ပုံရက်နည်း များကိုလည်း အနီးကပ် သွားရောက် လေ့လာမှာ ဖြစ်ပါသည်။ ပြီးနောက် နေ့လည်စာ စားပြီးနောက် တောင်ကြီး သို့ ခရီးဆက်ပါမည်။ တောင်ကြီးတွင် အရမ်း နာမည်ကြီးသော ထန့်စမ်းလိုဏ်ဂူတော်နှင့် တဆက်တည်း မွေတော်ကက္ကူ ဘုရားလည်း သွားရောက် ဖူးမျှော်ပြီး ညနေပိုင်းတွင် ညစာ စားပြီးနောက် တောင်ကြီး ၏ လှပသော ရှူခင်းလေး များလည်း ကြည့်ခြင်းဖြင့် အေးချမ်းသော ရာသီဥတုလေးနှင့် တနေကုန် ပင်ပန်းထား သမျှလေးတွေ ကို တောင်ကြီးဟိုတယ် တွင် အပန်းဖြေ အနား ယူပါမည် ။

 

ခရီးစဉ်တတိယရက်။            ။တောင်ကြီး-ကလော ( မနက်၊နေ့လည်၊ညစာ )

မနက်ပိုင်း ဟိုတယ်တွင် နံနက်စာ စားပြီးနောက် နဂါးချစ် ဘုရားဖြစ်သော စူဌာမဏိ စေတီတော်သို့ သွားရောက်ဖူးမျှော်  ပြီးတာနှင့်တပြိုင်နက် တောင်ကြီးတခွင် ပင်းတယဂူတခွင် ဟူ၍ နာမည်ကြီးသောကြောင့် မဖြစ်မနေ ပင်းတယ လှိုဏ်ဂူတော်နှင့် တဆက်တည်းရှိ ပုန်းတလုတ် ကန်တော်လည်း သွားေ၇ာက်ပြီး နေ့လည်စာ စားသောက်ပြီးနောက်  မြသပိတ်တောင်နှင့် မိန်းမရဲတောင် ပြီးနောက် ကလော နှီးဘုရားကြီး စုံလင်စွာ ၀င်ရောက်ပြီးတာနှင့် ညနေစာ စားပြီးလျှင် ကလောတွင် ၀င်ရောက် အနားယူ အိပ်စက်မှာ ဖြစ်ပါသည်။

 

ခရီးစဉ်စတုတ္တရက်။      ။ကလော-ရန်ကုန် ( မနက်၊နေ့လည်၊ညစာ )

မနက်ပိုင်း ဟိုတယ်တွင် နံနက်စာစားပြီးနောက် အပြန်လမ်း ခရီးသို့ ခရီးဆက်မှာ ဖြစ်ပါသည်။

~~ခရီးစဉ် ပြီးဆုံး~~

 

ခရီးစဉ်တွင်ယူဆောင်လာရမည့်ပစ္စည်းများ

  • နိုင်ငံသားစီစစ်ရေးကဒ်ပြား (မူရင်း)
  • ပတ်စ်ပို့ ဓါတ်ပုံ (၂)ပုံ
  • အမှတ်တရဓာတ်ပုံရိုက်ကူး ရန် ကင်မရာ

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ဟိုတယ်အခန်းမများ (၂ယောက် တစ်ခန်း)
  • ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးမည့် ခရီးစဉ်ခေါင်းဆောင်သူ
  • အင်းလေးကန်အတွင်း လည်ပတ်ကြည့်ရှူမည့်စက်လှေခများ
  • ဒေသအစားအစာ များနှင့် ဧည့််ခံမည့် နံနက်စာ ၊နေ့လည်စာ နှင့်ညစာ
  • သမိုင်းကြောင်းမျးကို ရှင်းလင်းပြသပေးမည့် ဌာနေ ဘာသာပြန်

 

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှုများ

  • တကိုရေအသုံးစရိတ်
  • ဟိုတယ်ခန်းအတွင်း မီနီဘား အသုံး ပြုခ
  • စားသောက်ဆိုင်များတွင် အပို မှာ ယူသုံးဆောင်သော ရေသန့် အအေးနှင့် စားသောက်ဖွယ်ရာ များ