THAI TOURS

Day 1။          ။ ရန်ကုန်-ဘန်ကောက်-ပတ္တရား (နေ့လည် ၊ ညစာ)

   

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ NOK Air လေကြောင်း ခရီးစဉ် (DD 08:00/09:50) ဖြင့် ဘန်ကောက်မြို့ သို့ ပျံသန်းရောက် ရှိမည် ဖြစ်ပါသည်။ ဘန်ကောက် လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် မှ လာရောက် ကြိုဆိုပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ပတ္တရားသို့ ဆက်လက် ထွက်ခွာပါမည်။ ပတ္တရားသို့ ရောက်ရှိပါ က ဟိုတယ်တွင် ဦးစွာ Check-In ၀င်ရောက်ပြီး ခေတ္တ အနားယူအပန်းဖြေမည် ဖြစ်ပါသည်။ ထို့နောက်  Alcazar Show ခေါ် Lady-boys လေးများ၏ ကပြဖျော်ဖြေပွဲ ကို သွားရောက် ကြည့်ရှုရင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး နိုင်မည်ဖြစ်ပါသည်။ ညစာကို ထိုင်းရိုးရာ စားသောက် ဆိုင်တွင် သုံးဆောင်မည် ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

Day 2။          ။ ပတ္တရား (သဲဖြူကျွန်း) (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Coral Island ဟုခေါ်သော သဲဖြူကျွန်းသို့ speed boat ဖြင့် သွားရောက် လည်ပတ်ပါမည်။ ကျွန်း၏လှပသော ကမ်းခြေတွင် ရေကူး အပန်းဖြေပြီး၊ လေထီးစီးခြင်း၊ လျှပ်ပြေးရေယာဉ် စီးနင်းခြင်း၊ စသည့် မိမိနှစ်သက်ရာ ရေပေါ် ကစားနည်းများ ကို ပျော်ရွှင် လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ ထို့နောက် ပတ္တရားမြို့သို့ ပြန်လည် ထွက်ခွာ လာပြီး နေ့လည်စာ သုံးဆောင် ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါ က ကမ္ဘာ့အကြီးဆုံး ကျောက်မျက် ရတနာ ပြခန်းသို့ ၀င်ရောက်လေ့လာ ပြီး Noognooch ဥယျာဉ် သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ထိုင်း လှပျိုဖြူလေးများ ကပြ တင်ဆက်သော ရိုးရာယဉ်ကျေးမှု အကများနှင့် ဆင်လိမ္မာ အကများ ကို သွားရောက် ကြည့်ရှုပါမည်။ ညစာကို ထိုင်းရိုးရာ စားသောက်ဆိုင် တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီး ပါက  ဟိုတယ် သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 

Day 3။          ။ ဘန်ကောက် - Safari World (မနက်၊ နေ့လည်၊ ညစာ) 

                          

ဟိုတယ်တွင် နံနက်စာ သုံးဆောင် ပြီးပါက ပတ္တရားမြို့ မှ ထွက်ခွာလာပြီး တိရစ္ဆာန် ဥယျာဉ်အတွင်း ရှိ တောလည်ခရီးဟု အမည်ပေးထားသော Safari World နှင့် Marien Park ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ Safari World အတွင်းတွင် Stunt Show နှင့် လင်းပိုင်လေးများ ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို Marien Park ဥယျာဉ်အတွင်း တွင် သုံးဆောင် ပါမည်။ နေ့လည်စာသုံး ဆောင်ပြီးပါ က ဘေးမဲ့လွှတ်ထားသော တိရစ္ဆာန် လေးများကို လှည့်လည် ကြည့်ရှုပြီး ဘန်ကောက်မြို့သို့ ဆက်လက် ထွက်ခွာပါမည်။ ဘန်ကောက်မြို့ သို့ရောက်ရှိပါ က Local Restaurant တွင် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ Check-In ၀င်ရောက်ပြီးလျှင် တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

 

Day 4။          ။ ဘန်ကောက် (မြဘုရား) (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ ၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော Emerald Buddha ခေါ် မြဘုရားအား သွားရောက် ဖူးမျှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်း ဗိသုကာ လက်ရာများ ပေါင်းစပ်ထားသော ထိုင်းဘုရင့် နန်းတော် သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက် ပါမည်။ နေ့လည်စာ ကို စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် အ၀တ်အထည်များနှင့် လူသုံးကုန်ပစ္စည်း များ လက်လီ၊ လက်ကား ရောင်းချရာ  MBK Shopping Center သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ် နိုင်ပါသည်။ ဧည့်သည်များ ဈေးဝယ်ပြီးပါက ညစာ သုံးဆောင်နိုင်ရန် Local Restaurant သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

 Day 5။ ။       ။ အယုဒ္ဓယ - Dream World (မနက်၊ နေ့လည်၊ ညစာ)

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့ အရှေ့ဘက် (၈၀) ကီလိုမီတာ အကွာတွင် တည်ရှိသော အယုဒ္ဓယမြို့ဟောင်း သို့ သွားရောက်လေ့လာပါမည်။ မြန်မာမင်း များ သိမ်းပိုက်ခဲ့ချိန် မှ ကျန်ရှိနေသော အပျက်အစီးအများ အတိုင်း ဘုရားဆင်းတုတော် များစွာ ကို ပြုပြင်ခြင်းမရှိ ထိမ်းသိန်းထားခဲ့ရာ ယခုတိုင်မြင်တွေ့နိုင်ပါသည်။ ၁၉၉၁ ခုတွင် UNESCO မှ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ် ထိန်းသိမ်းထားသော မြို့တော်ဟောင်း တစ်ခုလည်း ဖြစ်ပါသည်။ အယုဒ္ဓယရှိ ဘုရားဆင်းတုတော်များ ကို ဖူးမျှော်ပြီးပါ က ဘန်ကောက်မြို့ သို့  ပြန်လည် ထွက်ခွာလာပြီး Dream World သို့သွားရောက် လည်ပတ်ပါမည်။ Dream World အတွင်းတွင်ရှိ ပျော်ရွှင်ရင်ခုန်ဖွယ် ကောင်းသော Rollar Coasterများ၊ Hanging Coaster, Space Mountain, တိုက်ကားမောင်းခြင်း၊ ကောင်းကင် ကြိုးရထားစီးခြင်းနှင့် များပြားလှသော  ကစားနည်း မျိုးစုံကို လွတ်လပ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ နေ့လည်စာကို ပန်းခြံအတွင်း တွင် ရှိသော စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် Snow Town ဟုခေါ်သော နှင်းမြို့တော် သို့ ၀င်ရောက် ပြီး အေးချမ်း လှသော အရသာကို ခံစားပြီး နှင်းလျောစီး ကြပါမည်။ ထို့နောက် ညစာကို  ထိုင်းရိုးရာ စားသောက် ဆိုင်တွင် သုံးဆောင်ကြမည် ဖြစ်ပါသည်။ ညစာသုံးဆောင် ပြီးပါက ဟိုတယ် သို့ ပြန်လည်ပို့ ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွ င်အေးချမ်းစွာ အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 

Day 6။           ။ ဘန်ကောက် - ရန်ကုန် (မနက်စာ)

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီး ပါက အ၀တ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများ လက်လီ ၊ လက်ကားရောင်းချရာ ဈေးဝယ်စင်တာ သို့  ပို့ဆောင်   ပေးမည်ဖြစ်ပါသည်။ ထို့နောက် သတ်မှတ်ချိန် တွင် စုရပ် မှ ဘန်ကောက် လေဆိပ် သို့ ထွက်ခွာလာပြီး NOK Air လေကြောင်းခရီးစဉ် (DD 19:30/20:15) ဖြင့် လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိ မည်ဖြစ်ပါသည်။

 

 

 

 

*****ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။*****

 

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ    

          

  • ဗီဇာကြေးများ                                
  • လေယာဉ်လက်မှတ်အသွားအပြန်                
  • ကြယ်သုံးပွင့်ဟိုတယ်တွင် တည်းခိုခ(တစ်ခန်းလျှင် ၂ဦးနှုန်း)     
  • ခရီးစဉ်တွင် ပါဝင်သော ၀င်ကြေးများ           
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာများ
  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်              
  • ပို့ဆောင်ရေး အစီအစဉ်များ
  • မြန်မာနိုင်ငံမှ ခရီးစဉ်ခေါင်းဆောင်

 

Please Contact Us!