THAI TOURS

ပထမနေ့ (ရန်ကုန် - ဘန်ကောက်) (နေ့လည်စာ ၊ ညစာ) 

 

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နံနက်ပိုင်းတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့ သို့ နေ့လည်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပါသည်။ ဘန်ကောက် လေဆိပ်သို့ ရောက်သောအခါ ဧည့်လမ်းညွှန်က အသင့် စောင့်ကြို နေမည်ဖြစ်ပြီး နေ့လည်စာသုံးဆောင်ရန် ဒေသခံ စားသောက်ဆိုင်သို့ပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ၏ ရှေးဟောင်း နန်းတော် ဖြစ်သော (Grand Palace) သို့ သွားရောက် လည်ပတ်ပါမည်။ ထိုနန်းတော်သည် ယခင် ထိုင်းဘုရင်များနေထိုင်ခဲ့ သော နန်းတော် ဖြစ်ပေ သည်။ ယခုအခါထိုနန်းတော် သည် ဘုရင့် မျိုးနွယ်များ နန်းတက်ပွဲနှင့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ နေရာ နှင့် တော်ဝင် အမျိုးအနွယ်များ တည်းခိုရာ နေရာလည်း ဖြစ် သည်။ (Grand Palace) သည် တော်ဝင် အခမ်းအနားများ ကျင်းပသော အချိန် တွင် ပိတ်ထားလေ့ ရှိသည်။ ထို့နောက် ဘန်ကောက်မြို့၏ အကြီးဆုံးနှင့် ရှေးကျသော Wat Po ဘုရားကျောင်း နှင့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် Wat Phra Chetuphon သို့သွားရောက်လည်ပတ်ပါမည်။  ထို့နောက် အများစီးကားဖြင့် Wat Arun သို့သွားရောက် လည်ပတ်ပါမည်။ ထိုင်းနိုင်ငံ၏ ပြယုဒ်များထဲမှ တစ်ခုဖြစ်သော အာရုံဦးဘုရားကျောင်း ဖြစ်ပေသည်။ ထိုမှတစ်ဆင့် Wat Traimit အမည်ရှိ နှစ်ပေါင်း ၉၀၀ ကျော် ကတည်းက ထင်ရှားကျော်ကြားပြီး ရွှေပိသာာချိန် ၅တန်ခွဲဖြင့် တည်ထား ကိုးကွယ်ထားသော  ရွှေဘုရား ရုပ်ပွားတော် ရှိရာကျောင်း သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ဒေသခံ စားသောက်ဆိုင်တွင် ညစာ သုံးဆောင်ကြမည် ဖြစ်ပေသည်။ ထို့နောက် ဟိုတယ်သို့ check in ၀င်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို အေးချမ်းစွာ အိပ်စက် အနားယူပါမည် ။

 

 

ဒုတိယနေ့ ( ဘန်ကောက် - Safari World - ဘန်ကောက်) (နံနက်စာ၊ နေ့လည်၊ ညစာ)                   

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Safari world သို့ကားဖြင့် ထွက်ခွာပါမည်။ Safari world တွင် အပိုင်း နှစ်ပိုင်း ခွဲခြားထားပါသည်။ ပထမတစ်ပိုင်းမှာ တောရိုင်းတိရစ္ဆာန်မျိုးစုံ အနီးကပ် လေ့လာနိုင်မည်ဖြစ်ပြီး ဒုတိယ တစ်ပိုင်းမှာ ရေသတ္တ၀ါများ ရှိရာ အပိုင်းဖြစ်ပေသည်။ ထိုနေရာတွင် လင်းပိုင်လေးများ၏ ဖျော်ဖြေပွဲများကိုလည်း ပျော်ရွှင်စွာ ကြည့်ရှုခံစားနိုင်ပေသည်။  နေ့လည်စာကို Safari world တွင် Buffet သုံးဆောင် ရမည် ဖြစ်ပါသည်။ ညနေတွင် ဆာဖာရီဥယျာဉ်မှ တဆင့်ဒေသခံ စားသောက်ဆိုင်တွင် ညစာသုံးဆောင်ကြမည် ဖြစ်ပေသည်။ ထို့နောက် ဘန်ကောက်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

 

တတိယနေ့ ( ဘန်ကောက် - ရန်ကုန်) (နံနက်စာ)

 

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်မိမိအစီအစဉ်ဖြင့် ပျော်ရွှင်စွာဈေးဝယ်ထွက်နိုင်မည် ဖြစ်သည်။ထို့နောက်ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပေသည်။

         

 

                                        ***ပျော်ရွှင်ဖွယ် ခရီးစဉ်ပြီးဆုံးမည် ဖြစ်ပါသည်***

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

  • ဟိုတယ်တွင်တည်းခိုခများ (နှစ်ယောက်ခန်း)
  • ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များ
  • ဗီဇာဝန်ဆောင်မှုများ
  • ခရီးစဉ်ပါဝင်သော လည်ပတ်မှုများ (လေအေးစနစ်တပ်ဆင်ထားသောကားများဖြင့်) 
  • ခရီးစဉ်တွင် ဖော်ပြထားသော (နံနက်၊နေ့လည်၊ညစာ)
  • ခရီးစဉ်တွင်ပါဝင်သောဝင်ကြေးများ
  • နေ့စဉ် တစ်ဦးလျှင်ရေသန့်ဘူး ၁ဘူး
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန် ၀န်ဆောင်မှုများ 
  • ၀န်ဆောင်မှုနှုန်းထားများ နှင့် အစိုးရအခွန်အခများ

 

ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ

 

  • ခရီးစဉ်တွင် ဖော်ပြမထားသော အစားအစာဝန်ဆောင်မှု
  • ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များ (အဖျော်ယမကာ၊ မီနီဘား၊ အခန်းတွင်း ၀န်ဆော်မှု၊ တယ်လီဖုန်းခေါ်ဆိုခများ ၊  အ၀တ်လျှော်ခနှင့် လက်ဆောင်ပစ္စည်းခများ)
Please Contact Us!