KOREA TOUR


Day (1)     ရန်ကုန် - အင်ချွန်း

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် မှ  ညဉ့်သန်းခေါင်  Asiana ( OZ ) လေကြောင်း ခရီးစဉ် ဖြင့် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှိ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည် ။

 

Day (2)     အင်ချွန်း - ဂျယ်ဂျူးကျွန်း

 

အင်ချွန်းလေဆိပ် တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် မှ လာရောက် ကြိုဆိုမည် ဖြစ်ပြီး ထိုမှတဆင့် ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဂျယ်ဂျူးကျွန်းသို့ ဆက်လက် ထွက်ခွာပါမည်။ ဂျယ်ဂျူးကျွန်း သို့ရောက်ရှိပါ က  Mysterious Road ခေါ် ပဟေဋိဆန်လှသော လမ်းမသို့ သွားရောက်လေ့လာ ပြီးနောက် Yongduam Rock နဂါးခေါင်းပုံ ကျောက်ဆောင် သို့ သွားရောက်ပြီး အမှတ်တရ ဓါတ်ပုံများလည်း ရိုက်ကူးပါမည်။ ဆက်လက် ၍ ဝက်ဝံရုပ်ပြခန်း Teddy Bear Museum သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ပါမည်။ နေ့လည်စာ ကို Grilled Fish Set Menu ဖြင့် သုံးဆောင်ပြီး ဂျယ်ဂျူးကျွန်း ရှိ Natural and History Museum သို့ သွားရောက်လေ့လာ ပါမည်။ ထို့နောက် ဂျယ်ဂျူးကျွန်း ၏  အလှပဆုံး ရေတံခွန် တစ်ခုဖြစ်သော Cheonjiyeon Water Fall ( ချွန်းဂျီယွန်းရေတံခွန် ) နှင့်  Trick Art Museum သို့ သွားရောက် လည်ပတ်ပါမည် ။ ညစာကို Black pork bulgogi ဖြင့် သုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။  

 

Day (3)     ဂျယ်ဂျူးကျွန်း

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင် ပြီးနောက် Maze Land နှင့် ဂျယ်ဂျူးကျွန်း အရှေ့ဘက် တွင် တည်ရှိသော ဆောင်းငုလီ ကိုရီးယား တိုင်းရင်းသား ကျေးရွာ (  Seongeup folk village ) သို့ သွားရောက် လည်ပတ်ပါမည်။ ၁၄ ရာစုတွင် တည်ဆောက်ခဲ့သော ရှေးဟောင်းခံတပ်နှင့် ကိုရီးယား လူနေမှု့ဘဝပုံစံ တို့ကို လေ့လာနိုင်ပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု့ပါမည်။ ထို့နောက် နေ့လည်စာကို Seafood Steam boat soup ဖြင့် သုံဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက UNESCO မှ သဘာဝအမွေနှစ် တစ်ခု အဖြစ် သတ်မှတ် ထားခြင်းခံရသော အာရုဏ်ဦး တောင်ထိပ်ခေါ် Sunrise Peak သို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင် အလှအပ တို့ကို ကြည့်ရှု့ ခံစားမည် ဖြစ်ပါသည်။ ထိုမှတဆင့် တမူထူးဆန်း ထို့နောက် ညစာကို Kao Kao Buffet ဖြင့် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါ က ဟိုတယ် သို့  ပြန်လည် ပို့ဆောင်ပေးပြီး တစ်ညတာ အိပ်စက် အနားယူပါမည်။

 

Day (4)     ဂျယ်ဂျူးကျွန်း - ဘူဆန်

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဂျယ်ဂျူးလေဆိပ်သို့ ပို့ဆောင်ပေးပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်ဖြင့် ဘူဆန်သို့ ဆက်လက်ထွက်ခွာပါမည်။ ဟိုတယ်တွင် Check in ဝင်ရောက်ပြီးနောက် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရာ BIFF ရင်ပြင်နှင့် လွတ်လပ်ပျော်ရွှင်စွာ ဈေးဝယ်နိုင်ရန် Nampodong Market သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် နေ့လည်စာကို Jagalchi Buffet ဖြင့် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက အလွန်လှပသော နောက်ခံရှု့ခင်းများနှင့် APEC House နေရာ နှင့် Yongdusan Park သို့သွားရောက် လည်ပတ်ပြီးနောက် နာမည်ကျော် Haewundae ကမ်းခြေသို့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဆက်လက်၍ ဘူဆန်မြို့၏ အကြီးဆုံး ငါးပြတိုက် Busan Aquarium သို့သွားရောက်လည်ပတ်ပြီး ချစ်စဖွယ် ရေသတ္တဝါလေးများဖြင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။  ထို့နောက် ညစာကို Korea Set Menu ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။

 

Day (5)     ဘူဆန် - ဆိုးလ်

 

 ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် Check out  ပြုလုပ်ပြီး ဘူဆန်မြို့ မှ ဆိုးလ်မြို့ သို့ ထွက်ခွာပါမည်။ ဆိုးလ်မြို့ သို့ရောက်ရှိသော အခါ နေ့လည်စာကို Budaejjigae ( Sausage soup ) ဖြင့် သုံးဆောင် ပါမည်။နေ့လည်စာ သုံးဆောင်ပြီးနောက် သမ္မတအိမ်တော် Blue House သို့လည်း သွားရောက်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံများ ရိုက်ယူကြပါမည်။ ထို့နောက်  ဂျိုဆွန်မင်းလက်ထက် ၁၃ ရာစုတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉ရာစုတွင် ပြန်လည်ပြုပြင် မွမ်းမံထားသော သမိုင်းဝင် ဂျောင်ဘုတ်ဂန်း နန်းတော်သို့ သွားရောက် လည်ပတ်ပါမည်။ ဂျိုဆွန်းမင်းဆက် ၏ အကောင်းဆုံး နှင့် အခန့်ငြားဆုံးသော နန်းတော် တစ်ခုဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု့ အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ် ထားခြင်းခံရသော နန်းတော်ဟောင်း တစ်ခုဖြစ်ပါသည်။ ဂျောင်ဘုတ်ဂန်း နန်းတော် အတွင်း လှည့်ပတ်ကြည့်ရှု့ပြီးပါ က ဆက်လက် ၍ ကိုရီးယားလူမျိုးများ ၏ လူနေမှု့ပုံစံ အဆင့်ဆင့်ကို ပြသထားသော အမျိုးသား ပြတိုက်သို့ ဝင်ရောက်လေ့လာပြီးလျှင် ကင်ချီပြုလုပ်သောနေရာ သို့ သွားရောက်ပြီး မိမိကိုယ်တိုင်ပါဝင် ၍ ကင်ချီပြုလုပ် နိုင်ပါသည်။ ထို့နောက် Hanbok ရိုးရာဝတ်စုံများ ကို ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည် ။ ဆက်လက် ၍ ဆိုးလ်မြို့ ၏ လှပသော ရှု့ခင်းများကြည့်ရန် မြို့လည် စမ်းချောင်းကလေး (Cheong Gye Cheon) နှင့် Gwangwhamun Square သို့လည်းသွားရောက် လည်ပတ်ကြပါမည်။ ထိုမှတဆင့် Duty Free Shop သို့ လိုက်ပါပို့ဆောင်ပေးပါမည်။ ထို့နောက် ညစာကို Ginseng Chicken ဖြင့် သုံးဆောင်ပြီးနောက်  တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day (6)     ဆိုးလ်

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပါမည်။ နံနက်စာ သုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံ ၏ တိုင်းရင်းဆေးများ ရောင်းချရာဆိုင်များ နှင့် လက်ဝတ်ရတနာရောင်းချရာ ဆိုင်များသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် နေ့လည်စာကို Dolphin Buffet ဖြင့်သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဆိုးလ်မြို့ ၏ သင်္ကေတတစ်ခုဖြစ်ပြီး နမ့်ဆန်တောင်ပေါ် တွင် တည်ဆောက်ထားသော Seoul Tower ( Namsan Tower ) ဆိုးလ်တာဝါသို့ Cable ဖြင့်တက်ရောက်ပြီး ဆိုးလ်မြို့၏ အလှကို   ကြည့် ရှု့ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ပျော်ရွှင်စွာ ဈေးဝယ်နိုင်ရန် ဆိုးလ်မြို့ရှိ နာမည်ကြီး Myeongdong ဈေးသို့ ပို့ဆောင်ပေးပါမည်။ ညစာကို Korean BBQ ဖြင့် သုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

Day (7)       ဆိုးလ်

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် Everland ကစားကွင်းသို့ သွားရောက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမျိုးမျိုးသော Roller Coaster များ၊ T Express Rolling – X Traing ၊ Herky & Timmy’s Racing၊ Dragon Coaster ၊ Hurricane များ နှင့် အခြားကစားနည်း များစွာကိုလည်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲကြပါမည်။ နေ့လည်စာကို ကစားကွင်းအတွင်း ရှိ Local Restaurant တွင် ကူပွန် လက်မှတ်ဖြင့် သုံးဆောင်ပါမည်။  ဆက်လက် ၍ Safari park အတွင်း ကားဖြင့်လှည့်လည်ကြည့် ရှု့ခြင်း၊ 4 Season Garden တွင် ရောင်စုံပန်းမျိုးစုံများ နှင့် ယှဉ်တွဲဓါတ်ပုံရိုက်ပြီး ကစားကွင်း အတွင်း တနေကုန် လည်ပတ်ကြပါမည်။ ထိုမှတဆင့် နာမည်ကျော် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရာ Nami ကျွန်းရှိ ဟေမာန်ဆောင်း ၏ ချစ်သံစဉ် ဇာတ်လမ်းရိုက်ကူးရာ ( Winter Sonata Shooting Place ) သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ညစာကို Spicy Chicken BBQ ဖြင့် သုံးဆောင် ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 

Day (8)     ဆိုးလ် - ရန်ကုန်

 

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရိုးရာ တိုင်းရင်းဆေးဆိုင် နှင့် ကိုရီးယားကျေးရွာဖြစ်သည့် Namsan Hanok Village သို့ သွားရောက် လည်ပတ်မည် ဖြစ်ပါသည်။ ထိုမှတဆင့် Dongdaemun Shopping Street သို့ လိုက်ပါ ပို့ဆောင်ပေးပါမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက်  အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပို့ဆောင်ပေးပါမည်။  အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ  Asiana (OZ) လေကြောင်းခရီးစဉ် ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ချောမောစွာ ပျံသန်းရောက် ရှိမည် ဖြစ်ပါသည်။

 

***** ပျော်ရွှင်ဖွယ် ခရီးစဉ် တစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။ *****

 

ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ

 

  •     ဗီဇာကြေး
  •     လေယာဉ်လက်မှတ်အသွားအပြန်
  •    ဟိုတယ်တွင် တည်းခိုခ ( ၁ ခန်းလျှင် ၂ ယောက်နှုန်း)
  •    ခရီးစဉ်တွင် ပါဝင်သောဝင်ကြေးများ
  •    ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့်ညစာများ
  •    ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
  •    ပို့ဆောင်ရေး အစီအစဉ်များ

 

ကိုရီးယား ဗီဇာလျှောက်ရန် လိုအပ်ချက်များ

 

  •     နိုင်ငံကူ:လက်မှတ်မူရင်း (အနည်းဆုံး သက်တမ်း ၆လရှိရမည်။)
  •     လေယာဉ်လက်မှတ် အသွားအပြန်
  •    ၂လက်မ ပတ်လည် ကာလာဓါတ်ပုံ နောက်ခံအဖြူ (၁) ပုံ
  •    ဘဏ်စာရင်းစာအုပ်(အနည်းဆုံးကျပ် ၁၂၀သိန်းနှင့်အထက်တွင်ရှိရန်) နှင့် တိုက်ခန်း၊ကား ပိုင်ဆိုင်မှု့
  •     နေရပ်လိပ်စာ အပြည်အစုံ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်
  •     အလုပ်အကိုင် အထောက်အထား (လုပ်ငန်းလိုင်စင်)
  •     ၀င်ငွေရှိကြောင်းအထောက်အထားပြတရားဝင်စာရွက်စာတမ်း
  •     အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် (မူရင်း+ နိုတြိ)